ဒီတပါတ် ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်း ဖြစ်တဲ့ လီဗာပူး Vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အတွက် ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်
|ဒီတပါတ် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ စူပါဆန်းဒေး မှာတော့ ပွဲကြီးပွဲကောင်း တစ်ပွဲ ရှိနေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လီဗာပူး အသင်းတို့ အန်ဖီးလ်မှာ ထိပ်တိုက် တွေ့ဆုံရမှာ ဖြစ်ပါတယ်။
မတ်လ (၅) ရက် တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်၊ ဒီပွဲစဉ် အတွက် ဘီဘီစီမှ ခရစ်ဆက်တန် ယခုလို သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်၊ ခရစ်ဆက်တန် က-
မန်ချက်စတာ ယူနိုက်တက် အသင်းက ဗုဒ္ဓဟူးနေ့က ဝက်စ်ဟမ်း အသင်းနဲ့ အက်ဖ်အေ ဖလား ပွဲစဥ် အတွင်းမှာ အတော်ကို ခက်ခဲခဲ့တယ်၊ ဒါပေမယ့် Erik Ten Hag က ကတ်စမဲရိုး နဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ကို ပွဲစဉ်ထဲ
ထည့်လိုက်တဲ့ အခါမှာ ပွဲက အခြေအနေ ပြောင်းသွားခဲ့ပါတယ်၊ လုံးဝ အရှိန်အဟုန် တက်သွားတယ်၊ လီဗာပူး က လောလောဆယ် အဲဒီလို အခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိပုံ မရပါဘူး၊ မတူညီတဲ့
အကြောင်း ပြချက်တွေနဲ့ အဆိုးဘက်ကရော အကောင်းဘက်ကရော ဒီနှစ်သင်းလုံးဟာ ရာသီအစ ကတည်းက စလို့ မယုံကြည်နိုင်စရာ ပြောင်းလဲနေတာပါ၊ ယာဂင် ကလော့ပ် ရဲ့ အသင်းက clean sheets ထိန်းထား နိုင်ခဲ့တာ နှစ်ပွဲ ရှိလာခဲ့ပါပြီ။
ခရစ္စတယ် ပဲလေ့စ် နဲ့ ဝုဗ် နဲ့ ပွဲတွေပါ၊ ဒီလို ဂိုး မပေးရတာ သူတို့ အတွက် အရေးကြီးတယ် ဆိုပေမယ့် အဲဒီ နှစ်သင်းလုံးက သိပ် တိုက်စစ်ကောင်းတဲ့ အသင်းတွေ မဟုတ်တာကြောင့် သိပ်ကြီး ထည့်ပြောဖို့ မလိုပါဘူး။
ဟုတ်တယ် မလား၊ လီဗာပူး က ပြီးခဲ့တဲ့ လကလည်း အဲဗာတန် ကို နိုင်တဲ့ ပွဲနဲ့ ၁ဝ ယောက် နယူးကာဆယ် ကို ကန်တဲ့ ပွဲတွေမှာ ဂိုး မပေးခဲ့ရပါဘူး၊ နောက်ကျ ရီးရဲလ်မက်ဒရစ် ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးပါရော။
ဒီလို တွေးမိတော့ လီဗာပူး အသင်းဟာ ဒီ တနင်္ဂနွေနေ့ မှာ မားကပ်စ် ရက်ဖို့ဒ် ကို ထိန်းထားနိုင်မယ် မထင်ဘူး၊ သူတို့က ကွင်းလယ်မှာ စိုးမိုးခံရမှာ ဖြစ်သလို ခံစစ်ကလည်း အားနည်းချက်တွေ များစွာ ရှိနေတယ်။
မန်ချက်စတာ ယူနိုက်တက် က ဒါကို အခွင့်ကောင်း ယူသွားမှာပါ။ လို့ ခရစ်ဆက်တန် က သုံးသပ်ထားပါတယ်၊ ခရစ်ဆက်တန် ရဲ့ ခန့်မှန်း ရလဒ်ကတော့ လီဗာပူး ၁-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။
credit