ဒီတပါတ် premier league ပွဲစဉ်များ အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်ချက် ထွက်ရှိလာပါပြီ
|ဒီအပတ်မှာ ပရီးမီးယားလိဂ်မှာတော့ ပြီးခဲ့တဲ့ အပတ်က ကာရာဘောင်း ဖလား ဖိုင်နယ် ကစားခဲ့တဲ့ အသင်း နှစ်သင်း အပြင် ပွဲကြီးပွဲကောင်းတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ နယူးကာဆယ် က အီတီဟတ်မှာ
မန်စီးတီး ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်သလို ကာရာဘောင်း ဖလား ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် ကလည်း အန်ဖီးလ်မှာ လီဗာပူး နဲ့ ကစားသွားရမှာပါ။
(၁) မန်စီးတီး Vs နယူးကာဆယ်
နယူးကာဆယ် အသင်း ကာရာဘောင်း ဖလား ဖိုင်နယ်မှာ အကောင်းဆုံး ပုံစံ မရှိခဲ့ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် ဦးဆောင်ဂိုး ရပြီးနောက် သူတို့ ပျောက်ဆုံးသွားခဲ့တယ်၊ ပြောရရင် သူတို့ နောက်ဆုံး ဖလားရခဲ့တာ ဘယ်အချိန်ကလဲတောင် မမှတ်မိတော့ပါဘူး။
ဒီပွဲစဉ်မှာ မန်စီးတီး ကို ရွေးပါမယ်၊ မန်စီးတီး အနေနဲ့ လွယ်ကူမယ့် နိုင်ပွဲတော့ မဟုတ်ပါဘူး၊ နယူးကာဆယ် က ခံစစ်ပိုင်း ကောင်းလို့ပါ၊ ဒါပေမယ့် မန်စီးတီး ကို ပြသနာတွေ ပေးနိုင်မယ်လို့ မထင်မိပါဘူး။
ခန့်မှန်းချက်- မန်စီးတီး ၂-၀ နယူးကာဆယ်
(၂) အာဆင်နယ် Vs ဘုန်းမောက်
ခန့်မှန်းရတာ ရိုးရှင်းတယ်၊ အာဆင်နယ် က ဗုဒ္ဓဟူးနေက အဲဗာတန် ကို အနိုင် ရခဲ့တယ်၊ ဘုန်းမောက် အသင်းက ရုန်းကန်နေရဆဲပဲ၊ ဇယားအောက်ကို ရောက်မယ့် အန္တရာယ် ရှိနေတယ်။ အာဆင်နယ် အနိုင်ရသွားမှာပါ။
ခန့်မှန်းချက်- အာဆင်နယ် ၂-၀ ဘုန်းမောက်
(၃) ချဲလ်ဆီး Vs လိဒ်
ပေါ်တာ က ရလဒ်ဆိုး တွေကြောင့် ဖိအားတွေအောက် ရောက်နေတယ်၊ ဂိုးသွင်းမယ့် တိုက်စစ်မှုး မရှိတော့ ဘယ်လို လုပ်မလဲ၊ သူလည်း အစွမ်းကုန် ကြိုးစားနေပါတယ်၊ လိဒ် ကတော့ ဂျာဗီဂါစီယာ လက်အောက်မှာ
တည်ငြိမ်မှု ရလာတယ်၊ နေရာစုံ ပြေးလွှား ကစားနေရတုန်း ဆိုပေမယ့် အနည်းဆုံး ဒီပွဲကို သရေ ရလဒ် ရယူသွားမယ် ထင်ပါတယ်၊ ပေါ်တာ အနေနဲ့ ပြသနာတွေကို ဖြေရှင်းနိုင်အုံးမှာ မဟုတ်သေးပါဘူး။
ခန့်မှန်းချက်- ချဲလ်ဆီး ၁-၁ လိဒ်
(၄) ဝုဖ် Vs စပါး
ဝုဖ် က ကြားရက်က လီဗာပူး ကို ကောင်းကောင်း မတုန့်ပြန် နိုင်ခဲ့ဘူး၊ စပါး က အက်ဖ်အေ ဖလား မှာ သူတို့ရဲ့ ပုံစံအတိုင်း ရှက်ဖီး ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတယ်၊ သူတို့ ဒီပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် မှာ ရှိနေသင့်တာပါ။ ဘာ့ကြောင့် ဒီလို ဖြစ်နေသလဲ ကျနော်လည်း
မသိဘူး၊ သူတို့ လိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီပွဲမှာ စပါး အနိုင်ရမယ် ထင်ပါတယ်၊ သူတို့ လုပ်နေကြ ပုံစံ အတိုင်းပဲပေါ့။
ခန့်မှန်းချက်- ဝုဖ် ၀-၂ စပါး
(၅) လီဗာပူး Vs မန်ချက်စဝာာ ယူနိုက်တက်
လီဗာပူး နဲ့ ဝုဖ် ပွဲ ကြည့်ဖြစ်ခဲ့တယ်၊ လူတိုင်း မန်ချက်စတာ ယူနိုက်တက် နဲ့ ကစားမယ့် ပွဲစဉ်အကြောင်း ပြောနေကြတယ်၊ ကျနော်ကတော့ ဒီပွဲမှာ လီဗာပူးဘက်ကပါ၊ သူတို့ နောက်ပိုင်းမှာ clean sheet တွေ ရနေတယ်။
တစ်ဖြည်းဖြည်းနဲ့ ကောင်းလာတယ်၊ ဒါဟာ လီဗာပူး တို့ အပြင်းအထန် တိုက်ပွဲ၀င် ကစားသွားမယ့် ပွဲစဉ်ထဲက တစ်ပွဲပါ၊ မှန်ကန်တဲ့ ဒိုင်လူကြီးတော့ လိုအပ်တယ်၊ ဘာလို့လဲ ဆိုတော့ ခပ်ကြမ်းကြမ်း ကစားမှုတွေ မြင်ရမှာ မို့လို့ပါ။
ခန့်မှန်းချက်- လီဗာပူး ၂-၁ မန်ချက်စတာ ယူနိုက်တက်
အခြား ပွဲစဉ်တွေအတွက် ခန့်မှန်းချက်- အက်စတွန် ဗီလာ ၂-၀ ပဲလေ့စ်၊ ဘရိုက်တန် ၀-၂ ၀က်စ်ဟမ်း၊ ဆောက်သမ်တန် ၁-၀ လက်စတာ၊ နော့တင်ဟမ် ဖောရက်စ် ၀-၁ အဲဗာတန်၊ ဘရန့်ဖို့ဒ် ၁-၁ ဖူဟမ်
credit