ကြယ့်တစ်ပွင့်ကို အသင်းလူစာရင်းထဲ အံအားသင့်ဖွယ် ထည့်သွင်းလိုက်ပြီး ထိပ်သီး အသင်းတသင်း အဖြစ် တည်မြဲရေး ဆုံးဖြတ်ချက် ပေးလိုက်တဲ့ တန်ဟက်ဂ်
|အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်မိလို့ တစ်နှစ်ကျော်ကြာ တရား ရင်ဆိုင်ခဲ့ရတဲ့ လူငယ်ကြယ်ပွင့်လေး ဂရင်းဝုဒ် ကို နောက်ထပ် တကြိမ် အခွင့်အရေးပေးဖို့ မန်ချက်စတာ ယူနိုက်တက် က အသင်းရဲ့ လူစာရင်းထဲ
ပြန်လည် ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း မန်ချက်စတာ ယူနိုက်တက် နဲ့ နီးစပ်သူများက ပြောဆိုသွားခဲ့ပါတယ်၊ အသက် ၂၁ နှစ် အရွယ် ဂရင်းဝုဒ် ဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်အကယ်ဒမီ ကနေ
ထွက်ပေါ်လာတဲ့ ကစားသမာဖြစ်ပြီး ဘယ်ခြေ ညာခြေ နှစ်ဖက်လုံး အသုံးပြုနိုင်သလို အရည်အသွေးနဲ့ ပါရမီလည်း မြင့်မားသူ ဖြစ်ပါတယ်၊ ဒါပေမယ့် ဂရင်းဝုဒ် က ပြီးခဲ့တဲ့ ဘောလုံး ရာသီက သူ့ဘဝရဲ့ အကြီးမားဆုံး
အမှားတခု အဖြစ် အတူနေချစ်သူ ရော့ဘ်ဆန် အပေါ် အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်မိခဲ့ပြီး မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ တစ်နှစ်ကျော်ကြာ စုံစမ်း စစ်ဆေးခြင်းကို ခံခဲ့ရပါတယ်၊ ဂရင်းဝုဒ် ဟာ တရား ရင်ဆိုင်နေရချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက
ဂရင်းဝုဒ် ကို လုပ်ခလစာ ဆက်လက် ပေးချေခဲ့ပေမယ့် အသင်းရဲ့ လူစာရင်းထဲ က ဖယ်ရှားခဲ့ပြီး အမှု ဖြေရှင်းနိုင်မှပဲ အသင်း လူစာရင်းထဲ ပြန်လည် ထည့်သွင်းမယ်လို့ ရာဇသံ ပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာတော့ မန်ချက်စတာ ရဲတပ်ဖွဲ့က ဂရင်းဝုဒ် အပေါ် စွဲချက်တင် ထားတဲ့ အမှုတွေနဲ့ ပတ်သတ်ပြီး စုံစမ်း စစ်ဆေးမှု ရပ်တန့်ခဲ့ပြီး လက်ရှိမှာ ဂရင်းဝုဒ် က ကျူးလွန်မိခဲ့တဲ့ အမှုတွေကို
ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် နဲ့ ပြန်လည် ပူးပေါင်းဖို့ ကြိုးစား အားထုတ်နေပါတယ်၊ နာမည်ကြီး သတင်းထောက် ဖြစ်သူ လော်ရီ ဝှိုက်ဝဲလ် ရဲ့ ဖော်ပြချက် အရ
မန်ချက်စတာ ယူနိုက်တက် က ဂရင်းဝုဒ် ကို ချက်ချင်းကြီး အသင်းရဲ့ လူစာရင်းထဲ ပြန်ထည့်ဦးမှာ မဟုတ်ပေမယ့် အသင်းရဲ့ အင်တာဗျူး အစီအစဉ်တွေမှာ ပါဝင်ခိုင်းကာ ပရိသတ်တွေနဲ့ ရင်းနှီးမှု ပြန်လည် ရရှိအောင်
လုပ်ဖို့ စီစဉ်ထားသလို ဂရင်းဝုဒ် ကိုလည်း စိတ်ကျန်းမာရေး အသိပညာပေး အစီအစဉ်တွေ တက်ရောက်ခိုင်းထားပြီး လာမယ့် ရာသီမှာ ဂရင်းဝုဒ် ကို အသင်း လူစာရင်းမှာ ထည့်သွင်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
credit