ဂိုးဖန်တီးမှု အပြင် သွင်းဂိုးပါ မရယူနိုင်တဲ့ ကစားသမားကို သန်း ၁၀၀ ကျော် အသုံးပြုရင် မှားမည်ဟု ဂယ်ရီနဗီးလ် ထုတ်ပြော
|ယခု နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ဒီကလန်ရိုက်စ် အတွက် ပေါင် သန်း ၁၀၀ ကျော်ထိ အသုံး မပြုသင့်ဘူးလို့ ဂယ်ရီ နဗီးလ် က ယူဆနေပါတယ်၊ ရိုက်စ် ဟာ ရာသီကုန်မှာ ဝက်စ်ဟမ်း အသင်းက
ထွက်ခွာဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်၊ ချဲလ်ဆီး နဲ့ အာဆင်နယ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်၊ ကွင်းလယ် ကစားသမား အတွက် ဝက်စ်ဟမ်း ရဲ့ တောင်းဆိုမှုကလည်း များပြားနေပါတယ်။
စာချုပ်က လာမည့်နှစ်မှာ ကုန်ဆုံးမှာ ဖြစ်သော်လည်း လန်ဒန် အခြေစိုက် ကလပ် အနေနဲ့ ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးခွင့် ရှိနေတာ ဖြစ်ပြီး၊ ဒီရာသီမှာ ရိုက်စ် က တိုးတက်လာခြင်း မရှိခဲ့ပါဘူး။
သူ့ရဲ့ မြင့်မားတဲ့ တန်ကြေးနဲ့ ညီမျှအောင် အင်္ဂလန်သား အနေနဲ့ ခြေစွမ်းပြဖို့ လိုပါတယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်း ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲစဥ် မတိုင်ခင်မှာ ရွိုင်ကိန်းကလည်း ပြောဆိုပါတယ်။
ရွိုင်ကိန်း ရဲ့ပြောဆိုမှုကို ဂယ်ရီနဗီးလ်က သဘောတူကြောင်း၊ ရိုက်စ် အတွက် ပေါင်သန်း ၆၀ လောက်သာ သုံးသင့်ကြောင်း မန်ချက်စတာ ယူနိုက်တက် ကို နဗီးလ် က တိုက်တွန်း ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ညက ရွိုင်ကိန်း ရဲ့ ပြောဆိုမှုကို ကြားခဲ့တယ်၊ သူပြောတာကို လက်ခံပါတယ် ရိုက်စ်ကို သဘောကျတဲ့ အကြောင်း ကျွန်တော် ပြောခဲ့တာ ကြာခဲ့ပါပြီ၊ ကာရေဂါ ကလည်း အဲ့ဒီလိုပဲ ပြောမှာပါ။
လက်ရှိ အနေအထားကို ရိုက်စ်လည်း ကောင်းကောင်း သိမှာပါ၊ ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမားတွေကို ကျွန်တော် ကြည့်လိုက်တဲ့ အခါ ရိုက်စ် က လုံလောက်တဲ့ ဂိုးဖန်တီးမှု ဂိုးသွင်းယူမှုတွေ မရှိပါဘူး။
အဲ့ဒီ စာရင်းထဲ သူ့ကို ထည့်ဖို့ ဆိုရင် နောက်တန်း ၄ ဦးထံက ဘောလုံး ချိတ်ဆက် ရယူရာမှာ ကျွမ်းကျင်မှု ရှိဖို့ အတွက် လိုတယ်လို့ မြင်ပါတယ်၊ ရိုက်စ် အနေနဲ့ မတူညီတဲ့ နေရာတွေမှာ တိုးတက်ဖို့ လိုအပ်နေပါတယ်။
ကစားသမား ဘဝ တိုးတက်ဖို့က ကြိုးစား လုပ်ဆောင်ဖို့ လိုပါတယ်၊ နောက်ပြီး အခြားကလပ်ကို သွားရောက် ကစားဖို့လည်း လိုတယ်လို့ ထင်မိတယ်၊ ဒါဟာ ဝက်စ်ဟမ်း ဒါမှမဟုတ် မိုယက်စ် တို့ကို ဆန့်ကျင်ပြီး
ပြောတာ မဟုတ်ပါဘူး၊ သူလည်း ကောင်းမွန်တဲ့နှစ်အနည်းငယ်လောက် ရှိပြီး ရိုက်စ် နဲ့ အတူ အကောင်းဆုံး လုပ်ပြထားနိုင်တာ ဖြစ်ပါတယ်၊ ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် က သူ့ကို ခေါ်ယူမယ် ဆိုရင် ပေါင် သန်း ၁၁၀ ဒါမှမဟုတ် ၁၂၀ လောက်ကို မသုံးစေချင်ဘူး။
သူ့အတွက် ပေါင်သန်း ၅၀ နဲ့ ၆၀ ကြား သုံးစေချင်ပါတယ်။ ဂိုး ဖန်တီးမှု အပြင် သွင်းဂိုး အနေနဲ့လည်း မသွင်းယူနိုင်သေးတဲ့ ကွင်းလယ် ကစားသမားကို ခေါ်ယူမယ် ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် မှားမယ်လို့ လို့ ဂယ်ရီနဗီးလ် က ပြောဆို ခဲ့ပါတယ်။
credit