ရပ်ရှ်ဖို့ဒ် ရပ်တန့်ပြီး မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ယူကာ ရမှတ် ၃ မှတ် ယူမည်ဟု လီဗာပူး ကြယ်ပွင့် ထုတ်ပြောလာ
|ဒီရာသီ အတွင်း ခြေစွမ်း ပြသနေတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် ကို လီဗာပူး အသင်း အနေနဲ့ ရပ်တန့်နိုင်တယ်လို့ အလက်စ်ဇန်းဒါး အာနိုးလ် က ယုံကြည်နေပါတယ်။
အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ နည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက်မှာ တိုးတက် လာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးတွေက မန်ချက်စတာ ယူနိုက်တက် ရဲ့ ဆုဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ
အရေးပါခဲ့တာ ဖြစ်ပါတယ်၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ ယခုရာသီမှာ ကလပ်နဲ့ နိုင်ငံ အတွက် သွင်းဂိုး ၂၈ ဂိုး အထိ သွင်းယူပေး ထားနိုင်ခဲ့တာ ဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဂိုးမသွင်းနိုင် ခဲ့ပြီးနောက် အန်ဖီးလ်မှာ
သွင်းဂိုး ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်၊ လီဗာပူး ကတော့ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတာ ဖြစ်ပြီး လက်ရှိ ရာသီမှာ ခြေစွမ်း ကျဆင်းနေတဲ့ ကလော့ပ် ရဲ့အသင်းအတွက်
ထိပ်ဆုံး ၄ သင်း အတွင်း ဝင်ရောက်ဖို့ ကသာ အရာအာလုံး ဖြစ်ပါတယ်၊ လေးပွဲဆက် Clean Sheet ရရှိခဲ့တဲ့ လီဗာပူး အသင်းဟာ အမှတ်ပေး ဇယား အဆင့် တက်လာခဲ့ပြီး ဒီကနေ့ နံနက် အစောမှာတော့
မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ ခြိမ်းခြောက်မှု တွေကို တားဆီးဖို့ စုပေါင်းပြီး ကြိုးစားသွားမယ် ဆိုတာကို အာနိုးက လက်ခံထားပါတယ်။ ပြောင်းလဲသွားတာက တစ်ခုက အရင်ကထက် ပွဲတွေမှာ ဂိုးသွင်းယူနိုင်ချေ
ပိုများလာတာပဲ ဖြစ်ပါတယ်၊ ဒါပေမဲ့ သူဟာ အမြဲတမ်း ခြိမ်းခြောက်မှု ရှိတဲ့ ကစားသမား ဖြစ်ပြီး တနင်္ဂနွေနေ့ မှာလည်း သူ ခြိမ်းခြောက် လာနိုင်လိမ့်မယ် ဆိုတာ သေချာပါတယ်။ လို့ လက်ရွေးစင် အသင်းဖော်
အကြောင်းကို အာနိုးလ်က ပြောပါတယ်၊ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့လက်ထက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုးတက် ပြောင်းလဲလာမှု အပေါ် ညာနောက်တန်း ကစားသမားက
သူ့ရဲ့ ကစားပုံက တကယ့်ကို ကောင်းပါတယ်၊ မန်ခိက်စတာ ယူနိုက်တက် နဲ့ ကစားရတဲ့ ပွဲတိုင်းက လွယ်ကူတဲ့ ပွဲတော့ မဟုတ်ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် Vs လီဗာပူး ပွဲစဉ် ဆိုတာက အမြဲတမ်း ခက်ခဲပါတယ်။
သူတို့မှာ အသင်းကောင်း တစ်သင်းနဲ့ ကစားသမားတွေ ရှိပြီး လွယ်ကူတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အမှတ်တွေ ရရှိဖို့ အရေးကြီးပါတယ်၊ ဧပြီလနဲ့ မေလမှာ ထိပ်တိုက် တွေ့ရမယ့်
အချိန်ဖြစ်တာကြောင့် ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး လုပ်ရမယ် ဆိုတာကို သိပါတယ်၊ ကောင်းမွန်တဲ့ နေရာမှာ ရှိဖို့ သေချာအောင် လုပ်ရမှာပါ၊ မန်ချက်စတာ ယူနိုက်တက် လို အသင်းမျိုးနဲ့ ပွဲမှာ
ရမှတ် ၃ မှတ် ရရှိခဲ့မယ် ဆိုရင် ဒါက အောင်မြင်ဖို့ ကျွန်တော်တို့ အတွက် များစွာ အကူအညီ ဖြစ်စေပါတယ်။ လို့ အာနိုးလ် က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit