မန်ချက်စတာ ယူနိုက်တက် တွင် တောင်ကိုးရီးယား ဗဟို နောက်ခံ ကြယ်ပွင့်ကို မြင်တွေ့ရဖို့ ရှိနေ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နာပိုလီ နဲ့ အတူ တောက်ပနေတဲ့ ဗဟို နောက်ခံလူ ကင်မင်ဂျေး ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေကို စေလွှတ်ထားကြောင်း ဖာဘရီဇီယို ရိုမာနို က အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ဗဟိုခံစစ် နေရာ အတွက် ဗာရန်း၊ မာတီနက်ဇ်၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ စတဲ့ ဗဟို နောက်ခံ လူတွေကို ပိုင်ဆိုင်ထားပေမယ့် မက်ဂွိုင်းယား နဲ့ လင်ဒီလော့ဖ် တို့က လာမယ့် နွေဈေးကွက်မှာ အသင်းကို




စွန့်ခွာဖို့ ရာခိုင်နှုန်း များနေတာကြောင့် သူတို့ နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် ဗဟို နောက်ခံလူ တဦးကို စတင် ရှာဖွေနေတာ ဖြစ်ပါတယ်၊ တဖက်မှာတော့၂၆ နှစ် အရွယ် တောင်ကိုရီးယား လက်ရွေးစင် ဗဟိုနောက်ခံလူ ကင်မင်ဂျေး က




ယခုနှစ် ဘောလုံးရာသီ အစကမှ ဖီနာဘာချီ ကနေ နာပိုလီ ကို ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက အသင်းထံ ရောက်ရောက် ချင်းမှာပဲ ပွဲထွက်ခွင့် တနေရာစာကို အပိုင် သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။




ကင်မင်ဂျေး က နာပိုလီ ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ သွားခဲ့တဲ့ ကူလီဘလီ ရဲ့ နေရာကို ဆက်ခံရတဲ့ နောက်ခံလူ တဦး ဖြစ်တာကြောင့် အာရှသား ခံစစ်မှူး တဦးက အီတလီမြေမှာ အောင်မြင်ပါ့မလား သံသယ မျက်လုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး




ကင်မင်ဂျေး ကတော့ အဆိုပါ သံသယ မျက်လုံးတွေကို ကွင်းတွင်း ခြေစွမ်းတွေနဲ့ အကောင်းဆုံး တုံ့ပြန်သွား နိုင်ခဲ့ပါတယ်၊ ကင်မင်ဂျေး က ယခုနှစ် ဘောလုံးရာသီမှာ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၃၂ ပွဲထိ ပါဝင် ကစား ပေးထားပြီး




သွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု တစ်ကြိမ် ရရှိထားပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး အနေနဲ့ ပေါင် ၄၂ သန်း ဝန်းကျင် ရှိပါတယ်၊ ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် က ကင်မင်ဂျေး ရဲ့




ခြေစွမ်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကုန်ခါနီးထဲက အနီးကပ် စောင့်ကြည့်ခဲ့တာ ဖြစ်ပြီး ယခုရက်ပိုင်း အတွင်းမှာတော့ ကင်းထောက်တွေကို စေလွှတ်ကာ ကင်မင်ဂျေး ရဲ့ ခြေစွမ်းကို အကဲခတ် ခိုင်းထားပြီး နာပိုလီ ကတော့

ကင်မင်ဂျေး ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစား နေကြောင်းနဲ့ စာချုပ်သစ် ထဲမှာ စာချုပ် ဖျက်သိမ်းကြေးကို ပယ်ဖျက်ရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

credit