ယနေ့ည ပွဲစဥ် မတိုင်မီ နှစ်ဘက် ပူးတွဲ ကြေငြာချက် ထုတ်ခဲ့တဲ့ ယာဂင် ကလောပ့်နဲ့ အဲရစ် တန်ဟက်ဂ်
|အန်ဖီးလ် မှာ ကစားရမယ့် ပွဲစဥ် မတိုင်မီ မြူးနစ် နဲ့ ဟေးဘရော့ချ် ဖြစ်ရပ်ဆိုးတွေ အကြောင်း မအော်ဟစ်ကြဖို့ နှစ်ဘက် နည်းပြတွေက ပရိသတ်တွေကို တောင်းဆို လိုက်ပါတယ်၊ ကလပ် နှစ်သင်းရဲ့ တရားဝင် ဝက်ဆိုဒ်တွေမှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပြီး
ယာဂင် ကလော့ပ် က ကျွန်တော်တို့ အားပေးသံ တွေကို လိုချင်ပါတယ်၊ လှုပ်ရှားသက်ဝင် နေတဲ့ ပရိသတ်တွေရဲ့အားပေး သံတွေကို ကျွန်တော်တို့ အရမ်း လိုချင်ပါတယ်၊ ဒီ့ထက် ကျော်လွန်ပြီး ကျွန်တော်တို့ မလိုချင်ပါဘူး၊ အထူးသဖြင့် ဒီဖြစ်ရပ်ဆိုးတွေနဲ့ ပတ်သက်ပြီး
အော်ဟစ်တာတွေက ဘောလုံး လောကမှာ နေရာ မရှိပါဘူး။ ဒီလိုမျိုး စိတ်ဓာတ်မျိုးကို ထိန်းထားနိုင်မယ် ဆိုရင် အားလုံး အတွက် ပိုပြီး ကောင်းလာမှာပါ။ လို့ ယာဂင် ကလော့ပ် က ပြောဆို ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် Erik Ten Hag ကလည်း
အသက်တွေ ဘဝတွေ ဆုံးရှုံးခဲ့ကြတာကို အသုံးချပြီး ပြောဆိုတယ် ဆိုတာက လက်မခံ နိုင်စရာပါ၊ ဒါတွေကို ရပ်တန့်ဖို့ အချိန်တန်ပါပြီ၊ ဒါမျိုးတွေ ဖြစ်လာပြီ ဆိုရင် ကလပ် အသင်းတွေရဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်ရုံသာ မက အာလုံးရဲ့ ဂုဏ်သတင်း၊ ပရိသတ်တွေနဲ့ မြို့တွေ အတွက်လည်း
ထိခိုက်နိုင်စရာတွေ ရှိပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အန်ဖီးလ်မှာ ကစားရမယ့် အတွေ့အကြုံကို အဲရစ် တန်ဟက်ဂ် က လက်ရှိ ရာသီပွဲစဉ်မှာ နှစ်ကျော့လုံး အနိုင် ရဖို့ အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်သွားရမယ် ဆိုတာကို မျှော်လင့်ထားကြောင်း ပြောဆိုပါတယ်၊ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ Erik Ten Hag က-
ကျွန်တော် ဒါကို စောင့်မျှော်နေတာဗျာ၊ သေချာပေါက် ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်လာမှာပါ၊ ကျွန်တော်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ဒါက ကျွန်တော် သဘောကျတဲ့ အရာ ဖြစ်ပါတယ်၊ အဲ့ဒီပွဲကို ယုံကြည်မှုအ ပြည့်နဲ့ ကျွန်တော့်ရဲ့အသင်းသားတွေက သွားရောက် ကစားဖို့
ပြင်ဆင်နေတယ် ဆိုတာ သိပါတယ်၊ ခက်ခဲမယ် ဆိုတာကို သိနားလည်ပြီး ရလဒ်ကောင်း ရရှိဖို့ အတွက် ပေးဆပ် ကစားသွားမှာ ဖြစ်ပါတယ်၊ ယေဘုယျအားဖြင့် အသင်းရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာက အရမ်းကို ကောင်းပါတယ်၊ လိုအပ်မယ် ဆိုရင် အမှန်ကို ပြင်ဆင်ပေးနိုင်တဲ့ တည့်မတ် ပေးနိုင်တဲ့
ခေါင်းဆောင်ကောင်းတွေ အသင်းမှာ ရှိပါတယ်၊ ဒီ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော့် အနေနဲ့ ပျော်ရွင် နေမိပါတယ်၊ ပိုပြီးတော့လဲ ကောင်းလာ နိုင်ပါတယ်၊ ဒါက ချဉ်းကပ်မှုလည်း ဖြစ်ပါတယ်။ လို့ ပြောဆို သွားခဲ့ပါတယ်။ အမှတ်ပေး ဇယားရဲ့ ရပ်တည်မှု ကလည်း ပြီးခဲ့တဲ့ ရာသီတွေနဲ့
ယှဉ်လိုက်ရင် ပြောင်းလဲသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် အတွက် သေချာသလောက် ဖြစ်နေပြီး လီဗာပူး အသင်းကတော့ ဝင်ခွင့် ရရှိဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။ ယာဂင် ကလော့ပ် ရဲ့အသင်းကလည်း လိဂ်မှာ ခြေစွမ်း ပြန်လည် ကောင်းမွန်လာပြီး
နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ ၃ ပွဲ အနိုင် ရရှိထားပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ ၁၀ မှတ် အကွာ အဆင့် ၄ နေရာက စပါး အသင်းနဲ့ ၆ မှတ် အကွာထိ တက်လှမ်းနိုင်ခဲ့ပါတယ်၊ လိဂ်ရဲ့ အပြောင်းအလဲ ဖြစ်မှုကို အဲရစ် တန်ဟက်ဂ် က ပြောဆိုဖို့ တွန့်ဆုတ်နေပြီး၊ ကျွန်တော်တို့ လက်ရှိရာသီမှာပဲ
ရှိနေတုန်းပါ၊ ဘယ်အရာမှာ အမြဲတမ်း ပြောင်းလဲနေပြီး အမြဲတမ်း တည်ငြိမ်နေမှာ မဟုတ်ပါဘူး။ လို့ Erik Ten Hag ပြောဆိုသွားခဲ့ပါတယ်။ ဒါက အရည်အချင်း ရှိပြီး လီဗာပူး မှာ တကယ်ကောင်းတဲ့ စီမံခန့်ခွဲမှု ကစားကွက် အတွေးအခေါ်နဲ့ ဗျူဟာတွေ ရှိပါတယ်။
ဒါတွေကို ကျွန်တော်တို့က သတိထားမိတယ်၊ အခြား ကလပ်ရဲ့အကြောင်းကို ပြောနေမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အကြောင်းကိုပဲ ပြောမှာပါ၊ ကျွန်တော်တို့ အသင်းက လမ်းကြောင်းမှန်မှာ ရှိနေတယ်လို့ ထင်တယ်။
ကျွန်တော်တို့ရဲ့အတွေးအခေါ် ဗျူဟာနဲ့ လုပ်ရိုးလုပ်စဉ် တွေနဲ့ အတူ ဆက်လက် လုပ်ဆောင်သွားရမှာပါ၊ ဒါက ကျွန်တော်တို့အကြောင်း အကုန်ပါပဲ။ လို့ ပြောကြားသွားခဲ့ပါတယ်။
credit