အသင်းဖော်တွေထံကို တောင်းဆိုချက်တခု ဖွင့်ပြောလိုက်ပြီး ဒီအချက်ကြောင့် မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ရမည်ဟု ယူဆနေတဲ့ ဗန်ဒိုက်

လီဗာပူး နောက်ခံလူ ဗန်ဒိုက် က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပွဲစဥ်ကို စိတ်အား ထက်ထက်သန်သန် ကစားကြဖို့ အသင်းဖော်တွေကို တောင်းဆိုလိုက်ပြီး အဲ့တာက ထိပ်ဆုံး လေးသင်း နေရာ ဝင်နိုင်ဖို့ အတွက်




ကူညီပေး နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်၊ ယာဂင် ကလော့ပ် ရဲ့ အသင်းဟာ တနင်္ဂနွေနေ့မှာ ရလဒ်တွေ ဆက်တိုက် ကောင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လေးပွဲမှာ သုံးပွဲ အနိုင်




တစ်ပွဲ သရေ နဲ့ ပေးဂိုး မရှိ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက် ပြသနေတဲ့ အသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကမှ




ကာရာဘောင် ဖလား ကို ရယူထားတာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဗန်ဒိုက် က အန်ဖီးလ်မှာ ရင်ဆိုင်ရမယ့် ပွဲစဥ် မတိုင်မီ ယခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဗန်ဒိုက်က- တကယ်ကောင်းတဲ့ ပွဲ ဖြစ်လာနိုင်ပါတယ်။




ကျွန်တော်တို့ သေချာလေး ဂရုစိုက် ကစားရပါမယ်၊ သူတို့က တကယ့်ကို အချိတ်အဆက် မိနေတဲ့ အသင်းပါ၊ ဒါပေမယ့် ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ ရှိသလို ပရိသတ်ကောင်းတွေလည်း ရှိပါတယ်။




ရလဒ်ကောင်း ရဖို့ အားလုံးမှာ တာဝန် ရှိပါတယ်၊ အဲ့တာက မလွယ်ကူပါဘူး၊ ပရိသတ်တွေ အတွက်လည်း အတူတူပါပဲ၊ အိုးလ်ထရက်ဖို့ဒ် မှာတုန်းက ကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက် အသင်းကို




၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်၊ အဲ့တာက အရှိ တရားပါ၊ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်မှုထားပြီး ပိုပြီး စိတ်အား ထက်သန်စွာ ကစားနိုင်မယ် ဆိုရင် ရလဒ် ကောင်းလာနိုင်ပါတယ်၊ ဒီပွဲမှာ လိုချင်တဲ့ ရလဒ် ရနိုင်ဖို့

ကျွန်တော်တို့ အရာအားလုံး ပေးဆပ် ကစားဖို့ လိုအပ်ပါတယ်၊ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက်ကို ဆက်လက် တိုက်ပွဲ ဝင်နေရပါမယ်။ လို့ နည်းပြ ယာဂင် ကလော့ပ် ကလည်း ပြောကြားခဲ့ပါတယ်။

credit