အန်ဖီးလ်မှာ အနိုင် မရရှိမှု ခုနှစ်ပြည့်မှာ 7 ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်

ဒီကနေ့ည အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားတဲ့ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အိမ်ရှင် လီဗာပူး အသင်းက ၇ ဂိုးထိ သွင်းကာ ဂိုးပြတ် အနိုင် ရယူခဲ့ပါတယ်။ လီဗာပူး အသင်းက ဆာလာ၊ ဒါဝင်




ဂက်ပို တိုက်စစ်ကို ထုတ်သုံးပြီး ကွင်းလယ်မှာ ဟာဗေး ကို ထည့်သွင်းကာ လူစာရင်း အပြည့်အစုံန့ ပွဲထွက်လာ ခဲ့တာပါ၊ မန်ချက်စတာ ယူနိုက်တက် ကလည်း ရပ်ရှ်ဖိုဒ့်၊ ကက်စမဲရိုး၊ ဖာနန်ဒက်စ်၊ မာတီနက်စ် စတဲ့




အဓိက ကစားသမားတွေနဲ့ အင်ပြည့် အားပြည့် ပွဲထုတ်လာခဲ့တာပါ။ လီဗာပူးတိုက်စစ်က ဆာလာ က အတော်လေး ရုန်းပေးနိုင်ပြီး ဘယ်ခြမ်းက ဒါဝင် ရုန်းကန်ခဲ့ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် မှာလည်း အန်တိုနီ ရဲ့ ညာခြမ်းက ကန်ချက် အနည်းငယ်ကို




မြင်ခဲ့ရပေမယ့် ရပ်ရှ်ဖိုဒ့် နဲ့ ဖာနန်ဒက်စ် တို့က ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့ပါတယ်၊ ဂိုးစရခဲ့တာကတော့ ရော်ဘတ်ဆန် ရဲ့ဘောလုံး အမြင်ကနေ ဂက်ပိုက ဘယ်တောင်ပံ ကမှ အတွင်းကို ဝင်လာပြီး ပိတ်သွင်း ရယူခဲ့တာပါ။




ဒုတိယပိုင်း ကတော့ ပွဲစဉ် ပြန်စကတည်းက လီဗာပူးရဲ့ ကစားပွဲ သက်သက် ဖြစ်သွားခဲ့ပါတယ်၊ ဒါဝင် နူးညက်စ် ရဲ့ ခေါင်းတိုက်ဂိုး၊ ဂက်ပို ရဲ့ အနီးကပ် ပိတ်သွင်းဂိုးတွေ ဆက်တိုက် မြင်ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ကွင်းထဲမှာ




အဓိပ္ပာယ်မဲ့ လှုပ်ရှားနေတာက လွဲလို့ ဘာခုခံမှုမှ မလုပ်နိုင်ခဲ့ပါဘူး၊ ၂-၀ ဆိုတဲ့ ရလဒ်ကတည်းက လီဗာပူးတို့ ခြေစွမ်း ထောင်တက်သွားပြီး ဆာလာက ဧရိယာထဲမှာ ခြေစွမ်းပြ ပိတ်သွင်းသလို ဒါဝင်ကလည်း နောက်ထပ် တစ်ကြိမ် ပိတ်သွင်းခဲ့ပါတယ်။




ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် ဟာ အတော်လေး ရှက်ဖွယ် ကောင်းအောင် အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ဆာလာ၊ ဒါဝင်နဲ့ ဂက်ပို တို့ သွင်းဂိုး ၂ ဂိုးစီကို တော်တော်လေး လွယ်ကူတဲ့ ပုံစံတွေကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်၊ ဒါအပြင် လူစားဝင် တိုက်စစ်မှူး




ဖာမင်နို ကပါ တစ်ဂိုး ထပ် သွင်းခဲ့တာကြောင့် ၇-၀ ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်၊ ဒီပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် ၃ နေရာမှာ ဆက်ရှိနေ ပေမယ့် လီဗာပူး အသင်းဟာ ထိပ်ဆုံး ၄ သင်းနေရာက

စပါးကို တစ်ပွဲကျန် ၃ မှတ်အကွာက လိုက်လံ ဖိအားပေး လာခဲ့ပြီ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အတွက်တော့ သမိုင်းတလျောက် ဂိုးအပြတ်ဆုံး ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပြီး အန်းဖီးကွင်းမှာ အနိုင်မရတာ ၇ နှစ် ပြည့်ချိန်မှာ ၇ ဂိုးပြတ်နဲ့ အကျည်းတန် ရှုံးပွဲ ရင်ဝယ်ပိုက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

credit