လီဗာပူးကို [7] ဂိုးပြတ် ရှုံးခဲ့ရတဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်က ကျက်သရေ တစက်မှ မရှိဟု ဂယ်ရီနဗီးလ် ပြောဆို

Manchester United ဂန္တ၀င် ဂယ်ရီ နဗီးလ် က မနေ့ညက လီဗာပူးကို 7 ဂိုးပြတ် အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ရဲ့ ရှက်စရာကောင်းတဲ့ အပြုအမူကို အပြင်းအထန် ဝေဖန်လိုက်ခးပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ




လီဗာပူးကို မိုဆာလား၊ နူးနက်၊ ဂတ်ပို၊ ဖာမီနို တို့ရဲ့ ဂိုးတွေနဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှုံးပွဲနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်၊ ဒါဟာ ပြီးခဲ့တဲ့လတွေမှာ ပုံစံကောင်း ပြသနေတဲ့ Ten Hag ရဲ့ အသင်း အတွက် ရှက်စရာ ရှုံးပွဲ တစ်ပွဲလည်း ဖြစ်ပါတယ်။




ဒီပွဲစဉ်မှာ ပြီးခဲ့တဲ့ လတွေအတွင်း ပြသခဲ့တဲ့ တိုက်ပွဲ၀င် စိတ်ဓာတ်တွေ ပျောက်ဆုံးနေခဲ့ပြီး အထူးသဖြင့် မာတီနက်ဇ်၊ လူ့ရှော၊ အန်တိုနီ၊ ဖာနန်ဒက်စ် တို့ တည်ငြိမ်မှု ကင်းမဲ့ နေခဲ့ပါတယ်၊ ဒီထဲမှာ ဖာနန်ဒက်စ် က အဆိုးဆုံး ဖြစ်ပြီး ပေါ်တူဂီ ကွင်းလယ်လူဟာ




ဒုတိယပိုင်း တစ်ပိုင်းလုံး ညစ်ကျယ်ကျယ် challenges တွေ၊ ဒိုင်တွေနဲ့ အငြင်းပွားမှုတွေ လုပ်ခဲ့သလို ဘောလုံးတွေလည်း အများကြီး ဆုံးရှုံးခဲ့ပါတယ်၊ လီဗာပူး အသင်း 5 ဂိုးမြောက် သွင်းယူခဲ့ပြီးနောက် ဖာနန်ဒက်စ်ဟာ ကွင်းလယ်မှာ ရပ်ကာ




kick-off လုပ်ဖို့ ရပ်နေခဲ့ပြီး Erik Ten Hag က ရပ်ရှ်ဖို့ဒ် အစား အီလန်ဂါကို လူစားလဲခဲ့ပါတယ်၊ ဖာနန်ဒက်စ်က သူ့ကို လူစားလဲမယ်ထင်ပြီး လက်ကို လေပေါ် မြှောက်ပြနေခဲ့ပြီး တကယ်တော့ Erik က ရပ်ဖို့ဒ်ကို လူစားလဲခဲ့ပါတယ်၊ ဂယ်ရီ နဗီးလ် ကတော့




လူစားအလဲ ခံချင်နေတဲ့ ဖာနန်ဒက်စ် ရဲ့ အပြုအမူဟာ ကျက်သရေ မရှိဘူးလို့ ဝေဖန်ပါတယ်၊ နဗီးလ် က- ဘရူနို ဖာနန်ဒက်စ် ဟာ ကွင်းလယ် ဗဟိုမှာ ရပ်နေရင်းနဲ့ သူ့ရဲ့ လက်တွေကို မြှောက်ပြီး ငါ့ကို ဘာလို့ လူစားမလဲတာလဲ? ဆိုတဲ့ ပုံစံမျိုး လုပ်ခဲ့တယ်။




ရိုးရိုးသားသား ပြောရမယ် ဆိုရင် ဒုတိယပိုင်းမှာ သူ့ရဲ့ အပြုအမူ တစ်ချို့က တကယ့်ကို ဆိုးဆိုးရွားရွားပါပဲ၊ ပြီးတော့ လုံဝ ကျက်သရေ မရှိဘူးဗျာ၊ အသင်းခေါင်းဆောင်က ဒီကနေ့ညမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဖြစ်ပျက်ခဲ့မှုမှာ စံနမူနာပါပဲ။




ဒါပေမယ့် ဒါက မန်ချက်စတာ ယူနိုက်တက် ရဲ့ ပုံမှန် ခြေစွမ်း မဟုတ်ပါဘူး၊ စိတ်ဓာတ်ရော form ရောပါပဲ၊ Erik Ten Hag ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းသွားမှာပါ။ လို့ ပြောဆိုလိုက်ပါတယ်၊ လီဗာပူးကို ဂိုးပြတ် ရှုံးနိမ်ခဲ့တာနဲ့ ပက်သက်ပြီး




ပွဲအပြီးမှာ Erik Ten Hag က- ဒါဟာ တကယ် ဆိုးရွားတဲ့ performance ပါ၊ ဒီနှစ်ရဲ့ အဆိုးဝါးဆုံး ကစားပုံပဲ၊ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေ ကွင်းထဲက စောစော စီးစီး ထွက်ခွာသွားတာ ကျနော် အပြစ်မတင်ဘူး၊ အသင်းရဲ့ performance ကိုကလည်း တကယ်ကို ဆိုးရွားခဲ့လို့ပါ၊ ဒီနေ့မှာ ပရိတ်သတ်တွေ အတွက် ကိုယ့်ကိုကိုယ် ရှက်မိပါတယ်။

credit