အစီအစဉ်တိုင်း မကစားခဲ့အပေါ် ပေါက်ကွဲနေပြီး အသင်းသားတွေနဲ့ ‌တိုက်ရိုက် ရှင်းမည်ဟု Erik Ten Hag ပြောဆို

မန်ချက်စတာ ယူနိုက်တက် ဟာ လီဗာပူး အသင်းကို ဆာလား၊ နူးနက်ဇ်၊ ဂတ်ပို၊ ဖာမီနို တို့ရဲ့ သွင်းဂိုးတွေနဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှုံးပွဲ အဖြစ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။




ဒါက ပြီးခဲ့တဲ့ လတွေမှာ ပုံစံကောင်း ပြနေတဲ့ Erik Ten Hag ရဲ့ အသင်း အတွက် ရှက်စရာ ရှုံးပွဲ တစ်ပွဲလည်း ဖြစ်ပါတယ်၊ ဒီ ပွဲစဉ်မှာ ပြီးခဲ့တဲ့ လတွေ အတွင်း ပြသခဲ့တဲ့ တိုက်ပွဲ၀င် စိတ်ဓာတ်တွေ ပျောက်ဆုံးနေခဲ့ပြီ





အထူးသဖြင့် ဒီပွဲမှာ မာတီနက်ဇ်၊ လု့ရှော၊ အန်တိုနီ၊ ဖာနန်ဒက်စ် တို့ တည်ငြိမ်မှု ကင်းမဲ့ နေခဲ့ပါတယ်၊ ဒီထဲမှာ ဖာနန်ဒက်စ် က အဆိုးဆုံး ဖြစ်ပြီး၊ ပေါ်တူဂီ ကွင်းလယ်လူဟာ ဒုတိယပိုင်း တစ်ပိုင်းလုံး ကောင်းမွန်တဲ့




စိတ်ဓါတ်ပိုင်း ပျောက်ဆုံးနေခဲ့ပြီး ညစ်ကျယ်ကျယ် challenges တွေ ဒိုင်တွေနဲ့ အငြင်းပွားမှုတွေ လုပ်ခဲ့ကာ ဘောလုံးတွေလည်း အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး Erik Ten Hag က-




“ဒါက ကစားသမား တစ်ယောက် နှစ်ယောက်ကြောင့် မဟုတ်ပါဘူး၊ တစ်သင်းလုံး ကြောင့်ပါ၊ ကစားသမား ၁၁ ယောက်လုံး ပြင်ဆင်ထားတဲ့ အစီအစဉ် အတိုင်း မကစားခဲ့ နိုင်တာကို တွေ့လိုက်ရတာပါ။




တော်တော်ကို ပရော်ဖက်ရှင်နယ် မဆန်တာပါ၊ ဒီနေ့လို အဆင့်အတန်းမျိုးက မန်ချက်စတာ ယူနိုက်တက် မဟုတ်ပါဘူး၊ ကျွန်တော်တို့ အသင်းမှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေ ရှိပါတယ်၊ ဒီနေ့လိုမျိုး အဆင့်အတန်းက




ကျွန်တော်တို့ ပြသချင်ခဲ့တဲ့ အဆင့်အတန်းမျိုး လုံးဝကို မဟုတ်ပါဘူး၊ အရှုံး ရလဒ်တိုင်းက အတူတူပါဘဲ၊ ဘယ်ပွဲမှာ ရှုံးရှုံး ဆိုးရွားတာ ချည်းပါဘဲ၊ အထူးသဖြင့်တော့ လီဗာပူး လိုမျိုးကို ရှုံးရင်တော့ ပိုဆိုးတာပေါ့။




ပရိသတ်တွေ စိတ်ပျက်စေခဲ့တဲ့ ဒီရလဒ်ကို ရရှိခဲ့တာ ကတော့ ကျွန်တော့ အနေနဲ့ အတော်ကို စိတ် အနှောင့်အယှက် ဖြစ်ရတယ်၊ ဒေါသ ဖြစ်စရာ အကောင်းဆုံး ကိစ္စပဲဗျာ၊ ဒါကို အသင်းသားတွေနဲ့ ရှင်းသွားပါမယ်။

ပွဲပန်းတာနဲ့ ဘာမှ မဆိုင်ပါဘူး၊ လွန်ခဲ့တဲ့ လေးရက် လွန်ခဲ့တဲ့ ၇ ရက်က ကျွန်တော်တို့ ရလဒ်ကောင်းတွေ ရနေခဲ့တာဘဲ မဟုတ်လား? ဒီတော့ ပွဲပန်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာမှကို မဆိုင်ပါဘူး၊ ဒီလိုပြောရင် ဒါက ဆင်ခြေပဲ။




အဓိကက အာရုံစိုက်မှုပါ၊ တစ်ဂိုး ရှုံးနေတဲ့ အချိန်မှာ အာရုံစိုက်မှု လျော့လို့ မရပါဘူး။ ပွဲပြီးတော့ ကျွန်တော် ကစားသမားတွေနဲ့ စကားပြောခဲ့ပါတယ်၊ မနက်ဖြန်လည်း ထပ်ပြော ကြဦးမှာပါ၊ သေချာတာ ကတော့

ပြန် တိုက်ခိုက်ဖို့ လိုပါတယ်၊ အခုလို အချိန်မှာ အရှုံးကနေ တန်ပြန် တုံ့ပြန်ဖို့ အရမ်း လိုအပ်ပါတယ်၊ ဘရန့်ဖို့ဒ်၊ မန်စီးတီး တို့နဲ့ ပွဲတွေ ရှုံးပြီးတော့ ပြန်လာနိုင်ခဲ့ သလိုမျိုးပေါ့။

ဒေါသထွက်စရာ ကိစ္စတွေ ကတော့ အများကြီးဗျာ၊ ဒီထဲမှာ စိတ်တိုဖို့ အကောင်းဆုံး က ဂိုးတွေ လွယ်လွယ်ပေး လိုက်ရတာပါဘဲ၊ သိပ်ကို လွယ်လွယ် ပေးခဲ့ရတာပါ” လို့ Erik Ten Hag က ပြောကြားသွားခဲ့ပါတယ်။

credit