လီဗာပူးကို ဂိုးပြတ် ရှုံးခဲ့ပေမယ့် အရှက်ကွဲစရာ မဟုတ်ကြောင်း ရှင်းပြသွားတဲ့ ပေါလ်စခိုး

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ပေါလ်စခိုးလ် က လီဗာပူး အသင််းကို [7] ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အနေနဲ့ ရှက်သင့်ပြီး နုံအ လွန်းကြောင်း ဆိုလိုက်ပေမယ့်




ဒါက ထူးဆန်းတဲ့ ရလဒ် တစ်ခုမျှသာပဲလို့ ဖာထေးလိုက်ပါတယ်၊ သြဂုတ်လ ပထမ အကျော့တုန်းက အိုးလ်ထရပ်ဖို့ဒ်မှာ လီဗာပူးကို 2-1 နဲ့ အနိုင် ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




ယခုအခါ အန်ဖီးလ်မှာ ခါးသီး ပြိုင်ဘက်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်၊ ပွဲစဥ်ရဲ့ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားပုံ မဆိုးခဲ့ပေမယ့် တစ်ဂိုး ပေးခဲ့ရပါတယ်၊ ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ




ကစားပုံ နုံချာလွန်းခဲ့ပြီး 6 ဂိုး ဆက်တိုက် ထပ်မံ ပေးခဲ့ရပါတယ်၊ လီဗာပူး အတွက် သွင်းဂိုးတွေ ကိုတော့ ဂတ်ပို က နှစ်ဂိုး၊ နူးနက်ဇ် က နှစ်ဂိုး၊ ဆာလား က နှစ်ဂိုး၊ ရဖာမီနို က တစ်ဂိုး သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။




ဒါဟာ သမိုင်းဝင် နိုင်ပွဲ ဖြစ်ခဲ့ပြီး၊ ယခုအခါ မန်ချက်စတာ ယူနိုက်တက် ဟာ အဝေးကွင်းမှာ လီဗာပူး နဲ့ မန်စီးတီး အသင်းတို့ကို 13 ဂိုးထိ ပေးခဲ့ရပြီ ဖြစ်ပါတယ််၊ ပေါလ်စခိုးလ် က အဆိုပါ အချက်တွေကို




ထောက်ပြပြီး ဒါဟာ ကစားသမားတွေရဲ့ နုံချာလွန်းတဲ့ ကစားပုံပဲလို့ ဆိုလိုက်ပါတယ်၊ သူတို့ မန်စီးတီး ကို 6 ဂိုး ပေးခဲ့ရပြီး လီဗာပူးကို 7 ဂိုး ပေးခဲ့ရတယ်၊ ဒီနေရာက သွားပြီး ပြိုင်ဘက်ကို ရပ်တန့်ပြရမှာကို




သူတို့ မလုပ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ဒီလို ရလဒ်ကြောင့် အရှက်ကွဲစရာ အကြောင်းကို မရှိပါဘူး၊ ဒါက မန်ချက်စတာ ယူနိုက်တက် အတွက် ထူးဆန်းတဲ့ ရလဒ်မျှသာပါ၊ ဒီနပွဲမှာ အရာရာတိုင်း ဆန့်ကျင်ဖက် ဖြစ်ခဲ့တယ်။




ဒါကို လက်ခံပြီး ကျော်ဖြတ််ဖို့သာ လုပ်ရပါတော့မယ်၊ ဒီပွဲဟာ 3 မှတ် ရှုံးတာတင် မဟုတ်ပါဘူး၊ အသင်းရဲ့ ဘယ်နေရာတွေမှာ အားနည်းချက် ရှိနေသလဲ ဆိုတာကိုပါ သိသာစေခဲ့ပါတယ်၊ ဒါပေမယ့် အသင်းကို ပိုးစိုးပက်စက် ပြောဖို့ ခက်ခဲပါတယ်။




ဒါက ထူးဆန်းတဲ့ ရလဒ် တစ်ခုမျှပါ၊ အခုချိန်မှာ မေးခွန််းထုတ်စရာက သူတို့တွေ ဆက်ပြီး ညံ့ဖျင်းကြမှာလား? ဒါကို ကျော်ဖြတ်ပြမလား ဆိုတာပါပဲ၊ သူတို့ ဒါကို ကျော်လွှားပြီး အိုကေ နိုင်မယ်လို့ ကျွန်တော် က‌တော့ ထင်တယ်။ လို့ ပေါလ်စခိုးလ် က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ််။

credit