လီဗာပူးကို ဂိုးပြတ် ရှုံးခဲ့မှု အပေါ် ရင်ဖွင့်လာတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်

မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ တနင်္ဂနွေနေ့က လီဗာပူး အသင်းကို အန်ဖီးလ်မှာ 7-0 နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ အပေါ်မှာ တိတ်ဆိတ်မှုကို ဖြိုခွဲခဲ့ပါတယ်၊ ရပ်ရှ်ဖို့ဒ် ဟာ အန်ဖီးလ်က ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့




တိုက်စစ်မှာ ပွဲထွက် ကစားပေး ခဲ့ပေမယ့် ယာဂင် ကလော့ပ် အသင်းက 7-0 နဲ့ အလဲထိုး ခံခဲ့ရတဲ ပွဲစဉ် အတွင်း အကျိုး သက်ရောက်မှု ပြသနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ




ပထမပိုင်းမှာ 1-0 နဲ့ ရှုံးနိမ့်နေ ခဲ့ပေမယ့်လည်း ဒုတိယပိုင်း မှာတော့ အံ့အားသင့်စရာ ကောင်းလောက်အောင် 6 ဂိုး အထိ ခွင့်ပြု ပေးခဲ့ရတာ ဖြစ်ပြီး ဂက်ပို၊ ဆာလား၊ နူးနက်ဇ်၊ ဖာမီနို တို့က ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။




ဆိုးရွားတဲ့ ရှုံးပွဲကြောင့် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ ၎င်းရဲ့ အသင်းကို မေးခွန်းထုတ်ခဲ့ပြီး မားကပ်စ် ရပ်ရှ်ဖို့ဒ် က လူမှု ကွန်ရက်ပေါ်မှာ ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး ထုတ်ဖော်ပြောကြားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။




မားကပ်စ် ရပ်ရှ်ဖို့ဒ် က- ကျွန်တော်တို့ ဒီပွဲစဉ်မှာ အရာအားလုံးကို မှန်မှန် ကန်ကန် လုပ်နိုင်အောင် ကြိုးပမ်းနိုင်ဖို့ ကစားခဲ့နိုင်ရမှာလို့ ဆုတောင်းမိတယ်၊ ရလဒ်က ရလဒ်ပါပဲ၊ ကျွန်တော်တို့ အဲဒါကို ပြောင်းလဲလို့




မရနိုင်တော့ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အဲဒီ ရလဒ်ကို ကျွန်တော်တို့ရဲ့ ရာသီကို သတ်မှတ်ခွင့် ပေးလို့ မရပါဘူး၊ ကျွန်တော်တို့ လုပ်ငန်းစဉ်ကို ယုံကြည်ရမှာ ဖြစ်ပြီး အတူတကွ စည်းလုံးနေရမှာပါ။ လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

credit