သမိုင်းဝင် ရှုံးပွဲအတွက် ကစားသမားတွေကို နည်းပြချုပ် Erik Ten Hag မှ ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပုံ ပေါက်ကြားလာ
|မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟက်ဂ် ကတော့ လီဗာပူးလ် အသင်းကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့တဲ့ ရှုံးပွဲနဲ့ ရင်ဆိုင် ခဲ့ရပြီးနောက်မှာ သူ့ ကစားသမားတွေကို ကောင်းကောင်းကြီး ပညာပေးခဲ့ပြီ ဖြစ်ပါတယ်။
အဲရစ် တန်ဟက်ဂ် က ပွဲပြီးတဲ့ နောက်တနေ့မှာ သူ့ ကစားသမား တွေကို အနား မပေးခဲ့ဘဲ လေ့ကျင့်ရေး ကွင်းဆီကို စောစောစီးစီး လာရောက်ခိုင်းခဲ့ပြီး သူ ကိုယ်တိုင်လည်း မနက် ၇ နာရီ ကတည်းက ရောက်ရှိ နေခဲ့ပါတယ်၊ ဒီနောက် ကစားသမားတွေ အားလုံးဟာ
မနက် ၉ နာရီ အရောက် လေ့ကျင့်ရေး ကွင်းကို ရောက်လာခဲ့ ကြပါတယ်၊ အဲဒီ နောက်မှာတော့ အဲရစ် တန်ဟက်ဂ် က လီဗာပူးလ် နဲ့ ပွဲက သူ ရွေးချယ်ပြီး ထုတ်နုတ်ထားတဲ့ ရုပ်သံ ဗီဒီယိုကို ကစားသမား တွေဆီ ပြသခဲ့တယ်လို့ သတင်း ရင်းမြစ် တခုက ဖွင့်ဟ ခဲ့ပါတယ်၊ ဒါ့အပြင်
နယ်သာလန် အားကစား စိတ်ပညာရှင် တဦးနဲ့လည်း နည်းပြ အဲရစ် တန်ဟက်ဂ် က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးမှု ကနေ အသင်း အတွက် အကျိုးကျေးဇူးတွေ ရရှိမယ်လို့လည်း မျှော်လင့်ထားကြောင်း သိရပါတယ်၊ ကစားသမား တွေကိုလည်း
အဲရစ် တန်ဟက်ဂ် က နောက်ထပ် နည်းလမ်း တခုနဲ့ ထပ်မံပြီး ပညာပေးခဲ့ ပါသေးတယ်၊ အဲဒါ ကတော့ လီဗာပူးလ် ကစားသမားတွေနဲ့ ပရိသတ်တွေ ကွင်းအတွင်း အောင်ပွဲခံ ပျော်ရွှင်နေတဲ့ အသံတွေကိုလည်း နားထောင် ခိုင်းခဲ့တယ်လို့ Mirror သတင်းဌာနက
ဖော်ပြခဲ့ပါတယ်၊ ကစားသမား တွေကိုလည်း နောက်ထပ် တကြိမ် ဒီလိုမျိုး အပြုအမူ၊ စိတ်ဓာတ်ပိုင်းနဲ့ ကစားမယ် ဆိုရင် အရံအသင်းဆီ ပို့ပစ်မယ်လို့ သတိပေး ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရပါတယ်။ သမိုင်းဝင် ရှုံးပွဲ အတွက် အဲရစ် တန်ဟက်ဂ် က တော်တော်လေး ဒေါသထွက်နေခဲ့ပြီး
သူ့ ကစားသမား တွေကို ပွဲအပြီး အင်တာဗျူး မှာလည်း လူသိရှင်ကြား ကြိမ်းမောင်းခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ပွဲစဥ် အဖြစ် ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမ အကျော့ အဖြစ် လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ် နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။
လီဗာပူးလ် နဲ့ ရှုံးပွဲ ကနေ ပြန်လည် ရုန်းထွက်နိုင်ဖို့ အတွက် ဒီပွဲစဥ်က သူတို့ အတွက် အရေးပါ နေပါတယ်။ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အခွင့်အရေးကောင်း ရရှိထားကာ ကြီးမားတဲ့ ရှုံးပွဲကနေ ရုန်းထွက်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲမှာတော့ ကွင်းလယ်လူ ကက်စ်မဲရိုး ပါဝင်ဖို့ မသေမချာ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
credit