နွေဈေးကွက်အတွက် နံပါတ်တစ် ပစ်မှတ်နဲ့ ကွင်းပြင်ပ၌ အဆင်ပြေနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် သို့ ပြောင်းရွှေ့သွားမည်ကို လန်ဒန် အခြေစိုက်ကလပ် စိုးရိမ်နေ

လက်ရှိ ရာသီမှာ စပါး အသင်း အနေနဲ့ အဆင့်လေး အတွင်း မဝင်ခဲ့ပါက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဟယ်ရီကိန်း ကို အရ ခေါ်ယူနိုင်မည်ဟု ယုံကြည်လျှက် ရှိနေကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြသွား ကြပါတယ်။




စပါး အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဟာ လက်ရှိ ဘောလုံးရာသီ အတွင်မှာလည်း စပါး နဲ့ အတူ ဆုဖလား ဆွတ်ခူးနိုင်ခြင်း မရှိခဲ့တာကြောင့် အသင်းပြောင်းဖို့ အလားအလာ များနေတာ ဖြစ်ပါတယ်။




စပါး အသင်း အနေနဲ့ လက်ရှိ ရာသီမှာ အဆင့်လေး အတွင်း မဝင်ဘဲ ချန်ပီယံလိဂ် ဝင်ခွင့် မရပါက မန်ချက်စတာ ယူနိုက်တက် က ၎င်းကို ခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း ဆန်း သတင်းစာက ဆိုပါတယ်။




စပါး အနေနဲ့ လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် မရပါက ကိန်းရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ အောက် လျှော့ပေးမည်ဟု မန်ချက်စတာ ယူနိုက်တက် ကလည်း မျှော်လင့်နေပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ တတိယ ကြားခံ ပုဂ္ဂိုလ် တစ်ဦးမှ တစ်ဆင့် ဟယ်ရီကိန်း ကို ဆက်သွယ်ခဲ့ပြီး ကိန်းရဲ့ တုံ့ပြန်မှုကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် အသိုင်းအဝိုင်းက ယခုကဲ့သို့ ယူဆနေတာ ဖြစ်ပါတယ်။




စပါးအသင်းဟာ လက်ရှိ အချိန်မှာ အဆင့်လေး နေရမှာ ရပ်တည်နေ သော်လည်း ရာသီ မကုန်မီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် လီဗာပူ၊ နယူးကာဆယ် အသင်းများနဲ့ အပြင်းအထန် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။




စပါးဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် ပထမ အကျော့တွင် အေစီမီလန် ကို ၁-၀ နဲ့ ရှုံးနိမ့်ထားပြီး လက်ရှိ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ရရန်လည်း အလားအလာများ နေပါတယ်။ ဟယ်ရီကိန်း ဟာ

စပါး အသင်းနဲ့ ၂၀၂၄ ထိ စာချုပ် သက်တမ်း ရှိနေပြီး စာချုပ်သစ် မချုပ်ဆို နိုင်ပါက ဟယ်ရီကိန်း ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ် ရနိုင်သည့် အတွက် စပါး အသင်းကလည်း စိုးရိမ်ပူပန်မှု အချို့ရှိနေပါတယ်။

credit