ဆာအဲလက်စ် ခေတ်မှာဆိုရင် သူ ဘယ်လောက် တော်နေပါစေ ကစားခွင့်ရမှာ မဟုတ်တော့ဘူးလို့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ကို အသိပေး ပြောဆိုလိုက်တဲ့ အီဗရာ
|Manchester United ဂန္တဝင် ပက်ထရစ် အီဗရာ က အခြားသော မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းတွေ နည်းတူ လီဗာပူး အသင်းကို 7-0 ရလဒ်နဲ့ ရှုံးခဲ့တဲ့ ပွဲစဥ် အတွင်း အသင်းခေါင်းဆောင် အဖြစ်
တာဝန် ယူခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ရဲ့ ကိုယ် အမူအရာကို ဝေဖန် ပြစ်တင် လိုက်ပါတယ်၊၊ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ 1931 နောက်ပိုင်း အကြီးမားဆုံး ရှုံးပွဲကို ခံစားလိုက်ရတာပါ၊ ဒီ ရလဒ်ဟာ သူတို့ရဲ့
ပရီးမီးယားလိဂ် ဖလား ရည်မှန်းချက်တွေကို စုတ်ပြတ် သွားစေခဲ့ပြီး နှစ်ပေါင်းများစွာ မေ့နိုင်တော့မှာ မဟုတ်တဲ့ ဆိုးရွားတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ရ စေခဲ့ပါတယ်၊ ပွဲချိန် ကြာလာတာနဲ့ အမျှ ဘရူနို ဖာနန်ဒက်စ် ဟာ
ပိုပို စိတ်ပျက်ဖို့ ကောင်းလာခဲ့ပြီး လက်တွေ ဝှေ့ယမ်းပြ၊ ဟန်ဆောင် လှဲချပြနဲ့ သူ့ကို လူစား လဲပေးဖို့တောင် တောင်းဆိုမှု လုပ်ခဲ့သေးတာ ဖြစ်ပါတယ်၊ ပက်ထရစ် အီဗရာ က သူ့ရဲ့ ဒီလို ကိုယ်အမူ အရာနဲ့ ပတ်သက်ပြီး
ဗိုင်းရပ်စ် ကစားသမား အဖြစ် နာမည်ကြီးခဲ့တဲ့ ပေါ့ဂ်ဘာ နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ ကစားသမား အနေနဲ့ ဘရူနို ကို ကျွန်တော် သဘောကျပါတယ်၊ ဒါပေမယ့် သူ့ ကိုယ်အမူအရာက အဲ့လို ဖြစ်နေတာ ဒါ ပထမဆုံး အကြိမ်
မဟုတ်တော့ဘူး၊ သူ့အနေနဲ့ ဒီ အကျင့်ကို ဖျောက်ဖို့ လိုတယ်၊ ဂျူဗင်တပ်စ် မှာ ပေါလ် ပေါ့ဂ်ဘာ အဲ့လို လုပ်ခဲ့လို အယ်လီဂရီ က အရံခုံ ပို့လိုက်တာပါ၊ အရင်တုန်းက နာနီ က ဝိန်းရွန်းနီ ဆီကို ဘောလုံး ဖြတ်တင် မပေးရင်
သူက အော်ဟစ်လေ့ ရှိတယ်၊ အဲ့မှာ ပရိသတ်တွေက နာနီ ကို စမုန်းလာတာ၊ ကျွန်တော်တို့ ခေတ်တုန်းက ဆိုရင် ဘရူနို ရဲ့ အဲ့ဒီ့ အမူအရာမျိုးကို မြင်ရင် နည်းပြက သူ့ကို ဘယ်တော့မှ ကစားခွင့်ပေးမှာ မဟုတ်တော့ဘူး။
သူတို့ဘာသာ ဘယ်လောက်ပဲ တော်နေပါစေ၊ လေးစားမှု မရှိရင် ဆောရီးပဲ။ လို့ အီဗရာက ပြောဆို လိုက်တာပါ၊ လီဗာပူး နဲ့ပွဲဟာ ဒီလောက်ထိ ရုပ်ပျက် ဆင်းပျက် ဖြစ်သွား ခဲ့တာကြောင့် ဖာနန်ဒက်စ်ကို ဝေဖန်ကြမှုကို
ဖာဒီနန် ကလည်း သဘော တူညီခဲ့ပါတယ်၊ ပြီးခဲ့တဲ့ အပတ်က ဘရူနို ဖာနန်ဒက်စ် နဲ့ ကျွန်တော် စကားပြောခဲ့တယ်၊ သူကိုယ်တိုင်လည်း စိတ်ပျက်လာရင် လုပ်မိတတ်တဲ့ သူ့ရဲ့ လက်မြှောက်ပြီး စောဒက တက်တဲ့ အကျင့်ကို သိပါတယ်၊ သူက အသင်းဖော်တွေကို ပိုပြီး ကောင်းကောင်း လုပ်စေချင်တာပါ၊ ဒါပေမယ့်
အသင်းဖော်တွေနဲ့ ပရိသတ်တွေ အတွက်က ကြည့်မကောင်းခဲ့ဘူး လို့ ဆိုပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်ဖို့ ဝေးကွာသွားပြီ ဆိုပေမယ့် အက်ဖ်အေ ဖလား နဲ့ ယူရိုပါလိဂ်မှာ တိုက်ပွဲ ဝင်နေဆဲပဲ ဖြစ်ပါတယ်။
credit