လီဗာပူးကို ခုနှစ်ဂိုးပြတ် မရှုံးမီ အန်ဖီးလ် ကွင်းမှာ ဝက်ဟော့စ် အမှား လုပ်ခဲ့မိပြီး အပြီးသတ် ခေါ်ယူရေး အစီအစဉ်အား ဖျက်သိမ်းရန် မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်များ တောင်းဆို

အဲရစ် တန်ဟက်ဂ် ရဲ့ ကစားသမားတွေဟာ အန်ဖီးလ် ကွင်းမှာ 7-0 နဲ့ ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက် အဆိုးရွားဆုံး ရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီး ကလပ်ရဲ့ နည်းပါးတဲ့ ဆုဖလား မျှော်လင့်ချက်ကို




အဆုံးသတ် စေခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲပြီးခါနီး ပေးခဲ့ရတဲ့ ဂတ်ပို ရဲ့ ဂိုးကြောင့် ပထမပိုင်း 1-0 နဲ့ ရှုံးနိမ့်ခဲ့ရတာပါ၊ ဒါပေမယ့် ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့




ခြေစွမ်းက ပိုမို ဆိုးရွားခဲ့ပြီး လီဗာပူး အသင်းကို သွင်းဂိုး 6 ဂိုးထိ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်၊ ကာရာဘောင် ဖလား ကို ရရှိခဲ့ခြင်း အပါအဝင် ပြီးခဲ့တဲ့ လတွေက မန်ချက်စတာ ယူနိုက်တက် ရဲ့ ခြေစွမ်းတွေကြောင့်




ဒီပွဲရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ် ကပါ အံ့အားသင့် စေခဲ့ရတာ ဖြစ်ပါတယ်၊ ဝက်ဂ်ဟော့စ် ဟာ မကြာသေးမီက အသင်းရဲ့ အောင်မြင်မှုတွေမှာ အံ့အားသင့်ဖွယ် အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ပြီး နယ်သာလန်သားက




ထွက်ခွာသွားတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဇန်နဝါရီတုန်းက ဘန်လေ ကနေ အငှားနဲ့ မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရှိ လာခဲ့တာပါ၊ တစ်ဂိုးသာ သွင်းယူ ထားခဲ့ပေမယ့်လည်း




ဝက်ဂ်ဟော့စ် ဟာ ကြိုးစားတဲ့ လုပ်အားနှုန်းကြောင့် ကစားရာမှာလည်း ရက်ရှ်ဖို့ဒ် တို့လို ကစားသမားတွေ အတွက် နေရာလွတ် ရှာပေနိုင်တာကြောင့် သူ့ရဲ့ စွမ်းရည်တွေက ပရိသတ် အကြား ရေပန်းစားခဲ့တာပါ။




ဒါပေမယ့် ဝက်ဂ်ဟော့စ် ဟာ တနင်္ဂနွေနေ့က ဂိုးပြတ် ရှုံးနိမ့်မှု မတိုင်ခင်မှာ ဒါက အန်ဖီးလ် ဖြစ်ပါတယ် ဆိုတဲ့ ဆိုင်းဘုတ်ကို ထိတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီး နောက်ပိုင်း သူ့ရဲ့ ကြိုးစား အားထုတ်မှု အများအပြားက အချည်းအနှီး ဖြစ်ခဲ့ရပါတယ်။




ဇန်နဝါရီ လက ဘီဆစ်တပ်စ် ကစားသမားဟောင်းက မန်ချက်စတာ ယူနိုက်တက် နဲ့ ပူးပေါင်းဖို့ အိပ်မက်တွေ တကယ် ဖြစ်လာပါပြီ။ လို့ ပြောပါတယ်၊ ဒါပေမယ့် သူဟာ လီဗာပူး ပရိသတ် တစ်ယောက် အနေနဲ့




ကြီးပြင်းလာခဲ့တာ ဖြစ်တယ်လို့ ၂၀၂၀ ခုနှစ်မှာ ဝန်ခံခဲ့ပါတယ်၊ အန်ဖီးလ်မှာ နာမည်ကြီးတဲ့ ဆိုင်းဘုတ်ကို ထိဖို့ ဆုံးဖြတ်ပြီးနောက် ပရိသတ်တွေကို ဒေါသ ထွက်စေမယ့် မှတ်ချက်တွေ အသေချာပဲ ရှိလာမှာဖြစ်ပါတယ်။




၂၀၂၀ ခုနှစ်တုန်းက ဝက်ဂ်ဟော့ က- လီဗာပူး အသင်းက အရမ်း ထူးခြားတာကို ကျွန်တော် အမြဲ တွေ့တယ်၊ You Never Walk Alone ဆိုတဲ့ စာသားကို ကျွန်တော် ခံစားမိ နေတုန်းပါ၊ တခြား အင်္ဂလိပ် အသင်းကြီးတွေလည်း ရှိပါတယ်။




နယ်သာလန် ကစားသမား တော်တော်များများ မီလန်မှာ ကစားခဲ့တဲ့ အတွက် ကျွန်တော် မီလန် အသင်းကိုလည်း သဘောကျတယ်။ လို့ ပြောထား ဖူးပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ ဒီဗီဒီယို ဖိုင်ကို ကြည့်ရှုပြီးနောက်

ဝက်ဂ်ဟော့စ် ကို စိတ်ပျက်သွားကြပြီး အပြီးသတ် ခေါ်ယူမယ့် အစား စာချုပ်သက်တမ်း ကုန်ဆုံးချိန် နွေရာသီမှာ အသင်းမှာ ဆက်မထားဖို့ တော်တော်များများက တောင်းဆို ခဲ့ကြတာပဲ ဖြစ်ပါတယ်။

credit