7 ဂိုးပြတ် ရှုံးနိမ့်မှုကို လှောင်ပြောင်ခဲ့ပေမယ့် ရှမိုက်ကယ် ရဲ့ စကားတစ်ခွန်းက ကာရေဂါ ရဲ့ အရှိုက်ကို ထိခိုက်စေခဲ့ပါတယ်

လီဗာပူး ဂန္တဝင် ကစားသမားဟောင်း ဂျေမီ ကာရေဂါ ကတော့ မန်ချက်စတာ ယူနိုက်တက် ကို 7-0 နဲ့ အနိုင် ရရှိခဲ့တဲ့ သူ့ အသင်းဟောင်းရဲ့ နိုင်ပွဲကို အသုံးပြုပြီး မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဂိုးသမား ဖြစ်သူ




ပီတာ ရှမိုက်ကယ် ကို တိုက်ရိုက် ထုတ်လွှင့်မှုမှာ ဟာသလုပ် သွားခဲ့ပါတယ်၊ ကာရေဂါ က အသင်းဟောင်းရဲ့ သမိုင်းဝင် နိုင်ပွဲ အကြောင်းကို CBS ရဲ့ ချန်ပီယံလိဂ် တိုက်ရိုက် သုံးသပ်မှု အချိန်မှာ ထပ်ပြောခဲ့တာ ဖြစ်ပါတယ်။




ကစားသမား ဘဝ တစ်လျှောက် ပွဲပေါင်း 400 ကျော် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရှမိုက်ကယ် ကတော့ ကွင်းတွင်းကနေ တိုက်ရိုက် တင်ဆက်ခဲ့တာ ဖြစ်ပါတယ်၊ ကာရေဂါ က စတူဒီယို ထဲက




တင်ဆက်ပြီး ရှမိုက်ကယ် ကတော့ ချဲလ်ဆီး နဲ့ ဒေါ့မွန် ပွဲ ကစားနေတဲ့ စတမ်းဖို့ဒ် ဘရစ်ဂျ် ကွင်းမှာ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်၊ ကာရေဂါ တစ်ယောက် ရှမိုက်ကယ်ကို မြင်တာနဲ့ အားရပါးရ ပြုံးပြီး သူ့ စားပွဲပေါ်က




7 UP အချိုရည်ကို သောက်ပြီး ဗူးပေါ်က နံပါတ် 7 ကို ပြသခဲ့တာ ဖြစ်ပါတယ်၊ ကာရေဂါ က- ပီတာရေ ငါတို့ အခု မတ်လ 7 ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေကို ကြည့်ရတော့မှာ ပေါ့ကွာ။




ဒါက အခုချိန်မှာ အရမ်းကို အရေးကြီးတယ်လို့ ခံစားရတယ်ကွာ၊ ဒီပွဲတွေက မတ်လ 7 ရက်နေ့မှာ ကန်တာ ဆိုတော့ ပွဲကြီးပွဲကောင်း ပဲကွ၊ ငါပြောချင်တာက မင်းရော ကွင်းထဲကနေ ဘယ်လို ခံစားရလဲ။




ဂျုဒ် ဘယ်လင်ဂန် အဲ့မှာ ရှိနေတယ်၊ စူပါ စတား တစ်ဦးပဲ၊ သူဆိုရင် နွေရာသီမှာ အသင်း ပြောင်းရွှေ့နိုင်ခြေ ရှိ နေတယ်၊ သူ့ရဲ့ တန်ဖိုးကရော ဘယ်လောက်လောက် ရှိလဲ၊ ငါ့ အထင်တော့ 7 ဂဏာန်းနဲ့ စလောက်မယ် ထင်တယ်၊ မင်းရော အဲ့ဒီလို ထင်လား။ လို့ မေးခဲ့ပါတယ်။




ရှမိုက်ကယ် ကလည်း သူ့ကို ဟာသ လုပ်နေမှန်း သိလို့ မကြားရဘူး ဆိုပြီး ဘာမှ ပြန်မဖြေ ခဲ့တာကြောင့် ကာရေဂါ က ဆက်လက်ပြီး ပီတာရေ.. မင်း မနက်ဖြန်ကျရင် အေစီမီလန် ပွဲကိုလည်း သွားရမယ်နော်။




သူတို့သာ ချန်ပီယံလိဂ် ကနေ ထွက်ရရင် ဘယ်လောက်ထိ ပြဿနာ ရှိလာနိုင်လဲ၊ ငါပြောချင်တာ သူတို့က ချန်ပီယံ 7 ကြိမ် ဖြစ်ထားတဲ့ အသင်းကွာ၊ ဆိုလိုတာက သူတို့က ချန်ပီယံလိဂ် 7 ကြိမ် ရထားတာလေ။ ဆိုပြီး

ပြောခဲ့ ပြန်ပါတယ်၊ ဒီ တစ်ကြိမ်တော့ ရှမိုက်ကယ် က- ငါတို့က မင်းတို့ထက် 7 မှတ် ပိုများတာကို ပြောချင်တာလား? လို့ ပြောတော့ ကာရေဂါ က- စိတ်မပူပါနဲ့ကွာ၊ ငါတို့ 7 UP လေးသောက်ပြီး ငြိမ့်လိုက်ရအောင်။ ဆိုပြီး ပြောခဲ့ပါတယ်။

credit