လီဗာပူးကို ဂိုးပြတ် ရှုံးနိမ့်မှု နောက်ပိုင်း အသင်းသားတွေရဲ့ အခြေအနေ မဟန်မှုကို ရပ်တန့်ရန် ရပ်ရှ်ဖို့ဒ် သတိပေး ပြောဆို
|လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း တိုးတက်လာ ရခြင်းကို ယုံကြည်ချက် အပြည့်အဝ ထားရန်နှင့် လီဗာပူး အသင်းကို 7-0 ဖြင့် အန်ဖီးလ ကွင်း အတွင်း အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပေမယ့်
လိုတာထက် ပိုပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘောလုံး ရာသီကို အထိခိုက် မခံသင့်ကြောင်း အသင်စဖော် အားလုံးကို တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဒ် က
သတိပေး ပြောဆိုလိုက်ပါတယ်။ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ ယူရိုပါလိဂ်မှာ ၁၆ သင်း အဆင့်ကို တက်ရောက်သွားနိုင်ခြင်း ကာရာဘောင် ဖလား ရရှိခြင်း အောင်မြင်မှုများ ရနေပေမယ့်
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူး အသင်းကို ခြေပြတ် ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဝေဖန် ခံနေရပြီး အသင်းသား တွေရဲ့ အခြေအနေ မဟန်မှု၊ စိတ်ဓါတ်ပိုင်း ကျဆင်းနေမှုတို့ကြောင့်
ရပ်ရှ်ဖို့ဒ် က အခုလို သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ် က- ဒီနေ့တောင် နောက်တစ်ပွဲ ထပ် ကစားပြီး အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်ပို့ပေးချင်မိတယ်။ အဲဒီ ဆန္ဒ ကျွန်တော့်မှာ ရှိနေမိတယ်ဗျာ။
သူတို့ စိတ်ပျက်နေတယ်၊ ဒီလိုမျိုး မမြင်ချင်မိပါဘူး၊ ရလဒ်ဆိုး တစ်ခုက ရလဒ်ဆိုး တစ်ခု အနေနဲ့ပဲ ထားလိုက်ပါ၊ ဒီထက် ပိုကြည့်လို့ မရပါဘူး၊ ဒီရလဒ်ကြောင့် စိတ်ဓါတ်ကျ နေလို့ အကျိုး မရှိပါဘူး။
ဒီလိုသာ ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘောလုံး ရာသီကို အနှောက်အယှက် ဖြစ်သွားစေပါလိမ့်မယ်၊ ဒီလိုမဖြစ် စေချင်ပါဘူး၊ ကျနော်တို့ အရင်ကထက် စာရင် လက်ရှိ အနေအထားက ကျေနပ်စရာလို့ပဲ မြင်မိတယ်။
တိုးတက်လာခဲ့တာတွေ မြင်ကြည့်ပါ၊ ဒီ အခြေအနေ အတွက် အဆိုးဆုံးတွေကို ကျနော်တို့ အားလုံး အတူတကွ ဖြတ်သန်းခဲ့ကြ ပြီးပါပြီ၊ အောက်ကို ပြန်ကျသွားမှာမျိုး ဘယ်အတွက်ကြောင့်မှ မလိုချင်မိပါဘူး။
ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ အားလုံး အနေနဲ့ အသင်းရဲ့ ပြောင်းလဲလာမှုကို ယုံကြည် သက်ဝင်ပြီး တစ်ဦးနဲ့ တစ်ဦး စည်းလုံးနေဖို့လိုပါတယ်။ လို့ ရပ်ရှ်ဖို့ဒ် က ပြောဆိုသွားခဲ့ပါတယ်။
credit