ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ‌တုန့်ပြန် ဖြေရှင်းလာတဲ့ ဝက်စ်ဟော့

Manchester United အသင်း ခါးသီးပြိုင်ဘက် လီဗာပူး ကို 7 ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီ အန်ဖီးလ်ကွင်း အတွင်းရှိ This is Anfield ဆိုတဲ့ စားသားကို ဘာကြောင့် ထိကိုင်ခဲ့သလဲ ဆိုတာ




ဝေဖန်မှုတွေ ခံနေရတာကြောင့် ဝက်ဟော့စ် က ပရိတ်သတ်တွေကို ရှင်းပြသွားခဲ့ပါတယ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က အန်ဖီးလ် ကွင်းအတွင်း ဝင်ရောက်စဉ် အသက် 30 အရွယ် ကစားသမားက အန်ဖီးလ်ကွင်းရဲ့




နာမည်ကျော် အမှတ်သင်္ကေတကို ထိကိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမြင်အမျိုးမျိုးနဲ့ ဝေဖန်မှုကို ခံစားနေ ရပါတယ်၊ ဒါပေမယ့် သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံ လက်ရွေးစင် အသင်းဖော် ဗန်ဒိုက် ကို




စနောက်ချင်တာကြောင့် ပြုမူခဲ့တာ ဖြစ်ကြောင်း ဝက်ဟော့စ် က လူမှုကွန်ရက်က တဆင့် ကာကွယ် ပြောဆိုခဲ့သလို သရဲနီတွေ မရှုမလှ အရေးနိမ့်ခဲ့မှု ကလည်း ပြန်လည် ရုန်းထလာမှာ ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။




Instagram လူမှုကွန်ရက်မှ တဆင့် ဝက်စ်ဟော့ က- ပုံမှန် ဆိုရင် ဒီလို ကိစ္စတွေကို ကျွန်တော် အရေးတယူ မရှိပါဘူး၊ မန်ချက်စတာ ယူနိုက်တက် ဖန်တွေ ဆိုတာ ကျွန်တော့် အတွက် အရေးပါသူတွေ ဖြစ်နေလို့




ဒီတစ်ခုကိုတော့ တုံ့ပြန်ဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ယူဆပါတယ်၊ ဒါကြောင့် အခု ထွက်ပေါ်နေတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး ကျွန်တော် ရှင်းပြချင်ပါတယ်၊ ဒါက နိုင်ငံ လက်ရွေးစင် အသင်းမှာ ကစားရင်း




ကျွန်တော် သိခဲ့ရတဲ့ အချက်တစ်ခု ရှိပါတယ်၊ အဲ့ဒါက ဗန်ဒိုက် က ပွဲ မစတင်ခင်မှာ ဒီ အမှတ်သင်္ကေတကို ထိကိုင်လေ့ ရှိတယ် ဆိုတာပါပဲ၊ ဒါကြောင့်ပဲ ကျွန်တော်က ပွဲမစတင်ခင်မှာ သူ့ကို စနောက်ချင်တဲ့ ရည်ရွယ်ချက်နဲ့

ဒီအမှတ် သင်္ကေတကို ဗန်ဒိုက် မကိုင်မိအောင် စနောက် ခဲ့တာပါ၊ ကျွန်တော်က ကလေးဘဝက တည်းက အက်ဖ်စီတွမ်တီး အသင်းကို အားပေးခဲ့သူပါ၊ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဂုဏ်ယူစွာ ကစားနေတဲ့




ကစားသမား တစ်ဦးအနေနဲ့ အံ့မခန်း ကလပ် အသင်း အတွက် ကျွန်တော့်ရဲ့ စိတ်အာရုံ စူးစိုက်မှု အပေါ်မှာ မေးခွန်းထုတ် စရာတောင် မလိုပါဘူး၊ တနင်္ဂနွေနေ့ ပွဲစဉ် ကတော့ ကျွန်တော်တို့ အားလုံးအတွက်

ဆိုးရွားလွန်း ခဲ့ပါတယ်၊ လာမယ့် သီတင်းပတ် တွေမှာ မှန်ကန်တဲ့ အရာတွေကို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ ရည်မှန်းချက်တွေဆီ အရောက်သွားနိုင်ဖို့ ကျွန်တော်တို့ ပြန်လာမှာပါ။ လို့ ဝက်ဟော့စ်က ရှင်းပြသွားခဲ့ပါတယ်။




ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာတဲ့ ဝက်ဟော့စ် ဟာ အသင်း အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး တစ်ဂိုး ရရှိအောင်

စွမ်းဆောင် ပေးထားပါတယ်၊ ဝက်စ်ဟော့ အနေနဲ့ လာမယ့် ကြာသပတေးနေ့ ရီးရဲလ်ဘက်တစ် အသင်းနဲ့ ရင်ဆိုင်ရး ကစားရမယ့် ယူရိုပါလိဂ် ပွဲစဉ်မှာလည်း ပါဝင် ကစားပေးဖွယ် ရှိ နေပါတယ်။

credit