ဂန္တဝင် ကစားသမားဟောင်းတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်နေမှုကို စိတ်ပျက်နေပြီး သူရဲ့ ကစားသမားကို အမြင့်တနေရာက ဆွဲချဖို့ အစီအစဉ် မရှိကြောင်း အတိအလင်း ပြောဆိုလိုက်တဲ့ Erik Ten Hag
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ဟယ်ရီ မက်ဂွိုင်းယား မကစားနိုင်တဲ့ အချိန်မှာ အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိ နေမှာ ဖြစ်ကြောင်း အခိုင်အမာ
အသိပေး ပြောဆိုလိုက်ပါတယ်၊ လီဗာပူး အသင်းနဲ့ ပွဲစဥ်မှာ ပြုမူခဲ့တဲ့ အပြုအမူ တွေနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ် ကို အသင်းခေါင်းဆောင် မခန့်ထားသင့်ဘူး။ လို့ ဝေဖန်သံတွေ ထွက်နေ ခဲ့ပေမယ့် နည်းပြချုပ်
Erik Ten Hag က သူ့ရဲ့ ကစားသမားဘက်က ရပ်တည်ခဲ့ပြီး အပြည့်အ၀ ယုံကြည်ကြောင်း ဖော်ပြသွားတာပါ၊ လီဗာပူး နဲ့ ပွဲမှာ ဖာနန်ဒက်စ် က စိတ်ပျက်ဖွယ်ရာ ကိုယ်ဟန် အမူအရာတွေ လုပ်ပြခဲ့လို့ ဝေဖန်ခံ နေရတာပါ။
မန်ချက်စတာ ယူနိုက်တက် ကစားသမား ဟောင်းတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပြီး သူက အသင်းဖော်တွေကိုပါ စိတ်ပျက်စေတယ်လို့ ပြောဆိုခဲ့ ကြပါတယ်၊ ဒါပေမယ့် အဲရစ် တန်ဟက်ဂ် ကတော့ ဖာနန်ဒက်စ် က
အရေးပါတဲ့ ကစားသမား ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆို သွားခဲ့ပါတယ်။ Erik Ten Hag က- သူက ကောင်းမွန်တဲ့ ရာသီ တခုကို ကစားပေး နေတာပါ၊ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ
ာ
ရှိနေပြီး ကျနော်တို့ အခုရောက်နေတဲ့ အဆင့် ကလည်း အဲဒါ ကြောင့်ပါပဲ၊ သူက အသင်းအတွက် စွမ်းအင်တွေ ပေးခဲ့တယ် အပြင်းထန်ဆုံး အမြင့်မားဆုံး ပုံစံနဲ့ ကစားပေးရုံ မကပါဘူး၊ မှန်ကန်တဲ့ လမ်းကြောင်းနဲ့
လမ်းကြောင်းမှန်ကို အရောက် ပို့ပေးနေတာပါ၊ သူက အတုယူစရာ ကစားသမား တဦးပါ၊ ဒါပေမယ့် ပြီးပြည့်စုံတဲ့ လူဆိုတာ မရှိပါဘူး၊ လူတိုင်း အမှား လုပ်မိ တတ်ပါတယ်၊ ကျနော်တို့ သင်ယူဖို့
လိုအပ်သေး သလို သူလည်းပဲ သင်ယူရဦးမှာပါ၊ သူက ဉာဏ်ကောင်းတဲ့သူ ဖြစ်လို့ လုပ်နိုင် ပါလိမ့်မယ်၊ အသင်းမှာ သူရှိနေတဲ့ အတွက် ကျနော်က ပိုပျော်ရွှင်မိတယ်၊ ဟယ်ရီ ကွင်းထဲမှာ မရှိတဲ့ အချိန် သူက
အသင်းခေါင်းဆောင် ဖြစ်နေဦးမှာပါ။ လို့ ပြောဆိုသွား ခဲ့ပါတယ်။ မန်ခိက်စတာ ယူနိုက်တက် ကတော့ ဒီနေ့မှာ ဘက်တစ်နဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်၊ လီဗာပူး ကို အရေးနိမ့်ခဲ့တဲ့ ပွဲကနေ
ပြန်လည် ရုန်းထွက်ပြရမှာ ဖြစ်ပြီး သူတို့ ဘယ်လိုတွေ လုပ်ပြမလဲ ဆိုတာကို အားလုံးကလည်း စောင့်ကြည့် နေကြပြီး ဘက်တစ် နည်းပြ ဖြစ်သူက သူတို့ လီဗာပူးကို ရှုံးခဲ့မှု အတွက် သူ့အသင်း ကို အရမ်းစုပုံ အားထုတ်သွားမှာ စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။
credit