အသင်းပြောင်းမည်ဟု အသိပေး ပြောဆိုလာတဲ့ အဲရစ် တန်ဟက်ဂ် ရဲ့ ပစ်မှတ်

ဒီနှစ် ဘောလုံး ရာသီရဲ့ နွေဈေးကွက်တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့သူ နယ်သာလန် နောက်ခံ ကစားသမား ယူလီယန် တင်ဘာ ဟာ လာမယ့်နွေမှာ




သူ့ အနေနဲ့ အေဂျက်စ် အသင်းကနေ ထွက်ခွာ သွားနိုင်ဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောဆိုလာ ခဲ့ပါတယ်၊ အေဂျက်စ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိ လာခဲ့တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် က




အသင်းဟောင်းက ကစားသမားတွေ ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ် အန်တိုနီ တို့ကို မန်ချက်စတာ ယူနိုက်တက် ဆီ ခေါ်ဆောင်ခဲ့ပြီး ဒီ ကစားသမားတွေ မရောက်လာခင် ကတည်းက တင်ဘာ ကို စတင် ကြိုးပမ်းခဲ့တာပါ။




တင်ဘာ ဟာလည်း အဲရစ် တန်ဟက်ဂ် နဲ့ ပူးပေါင်းဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွှေ့ မဖြစ်ပေါ် လာခဲ့တဲ့ အပြင် ကစားသမား ကိုယ်တိုင်ကပါ အေဂျက်စ် နဲ့ စာချုပ်သစ် ချုပ်ဆို ဖြစ်ခဲ့ပါတယ်။




ဒါကြောင့် အဲရစ် တန်ဟက်ဂ် က တင်ဘာ အစား မာတီနက်ဇ် ကို မန်ချက်စတာ ယူနိုက်တက် ဆီ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်၊ အေဂျက်စ် အသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့တဲ့ တင်ဘာ က-




ဒီနွေရာသီမှာ ကျွန်တော်ရဲ့ ရွေးချယ်ခွင့်တွေကို ကြည့်ပြီး ဆုံးဖြတ်ချက် ချသွားမှာပါ၊ ကျွန်တော် အေဂျက်စ် မှာ အဆင်ပြေ နေတယ်လို့ ခံစားမိတယ်၊ အဲ့ဒါက အရေးကြီးပါတယ်၊ ပြီးခဲ့တဲ့ နွေရာသီ တုန်းကတော့




ကျွန်တော့်ကို စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် ကျွန်တော် က အေဂျက်စ် မှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်၊ လို့ ပြောဆို လာခဲ့ပါတယ်၊ အခုလို အသင်း မပြောင်းတာနဲ့ ပတ်သက်ပြီး အဲ့ဒီ အချိန်က နယ်သာလန် နည်းပြ ဖြစ်တဲ့




ဗန်ဟားလ် နဲ့ ဆက်စပ် နေတယ်လို့ ပြောဆိုမှုတွေ အပေါ် တင်ဘာ က ငြင်းဆန်ခဲ့ပါတယ်၊ မီဒီယာတွေ ရေးကြတဲ့ အရာ တော်တော် များများက မှားပါတယ်၊ ဗန်ဟားလ် က မန်ချက်စတာ ယူနိုက်တက် ကို မသွားဖို့ ကျွန်တော့်ကို




ပြောခဲ့တယ်။ ဆိုပြီး လူတွေ ပြောပြောနေတဲ့ ကိစ္စတွေပေါ့၊ ဒါတွေက မှားပါတယ်၊ သူ တကယ် ပြောခဲ့တာက အဲ့ဒီမှာ ဆိုရင် ကျွန်တော် ကစားခွင့် နည်းလိမ့်မယ်လို့ ပြောခဲ့တာပါ၊ လို့ ရှင်းပြသွားခဲ့ပါတယ်၊ လက်ရှိမှာ Erik Ten Hag က

အသင်းဟောင်းက ကစားသမား တွေအနက် နောက်ခံလူ တင်ဘာ အပြင် ကွင်းလယ်နဲ့ တိုက်စစ်ကစားသမား မိုဟာမက် ကူဒက်စ် ကိုလည်း မန်ချက်စတာ ယူနိုက်တက် ကို ခေါ်ယူသွား ချင်နေတယ်လို့ သိရပါတယ်။

credit