နံပါတ်တစ် ပစ်မှတ်ကို ခေါ်ယူနိုင်ရေး Erik Ten Hag ကို အကူညီ ပေးသွားမည့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ အီဂါလို က မန်ချက်စတာ ယူနိုက်တက် ကသာ သူနဲ့ တနိုင်ငံထဲသား ဖြစ်သူ ဗစ်တာ အိုဆီမန် ကို ခေါ်ယူချင်ရင် ခေါ်ယူနိုင်ဖို့ အတွက်




ကူညီ စည်းရုံးပေးမည် ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်၊ ၃၃ နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဖြစ်သူ အီဂါလိုက ၂၀၂၀ ခုနှစ်မှာ




ရှန်ဟိုင်းရှင်ဟွာ ကနေ မန်ချက်စတာ ယူနိုက်တက် ထံ တစ်နှစ် အငှားနဲ့ လာရောက် ကစားခဲ့ဖူးပြီး သူဟာ ငယ်စဉ် ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို အားပေးခဲ့တဲ့ ပရိသတ် တဦးလည်း ဖြစ်တာကြောင့်




မန်ချက်စတာ ယူနိုက်တက် အတွက် ကစားခဲ့တဲ့ အချိန်မှာ အားကုန်ထုတ် ကြိုးစားခဲ့ပြီး ဒါကြောင့်ပဲ အချိန်တို အတွင်းမှာ အသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်လာခဲ့သူပါ၊ အီဂါလို က-




မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် တစ်နှစ်သာ ကစားပေး ခဲ့ရပေမယ့် ကာလရှည် ကစားပေး ခဲ့ရတဲ့ ကစားသမား လိုမျိုး မန်ချက်စတာ ယူနိုက်တက် ကို ချစ်မြတ်နိုးနေဆဲ ဖြစ်ပြီး အင်တာဗျူးတွေမှာ




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကြောင်းကို ထုတ်ပြောလေ့ ရှိသလို ယမန် နေ့မှာလည်း မန်ချက်စတာ ယူနိုက်တက် ရဲ့ ပစ်မှတ် အိုဆီမန် ကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ




ပြောင်း ရွှေ့လာအောင် စည်းရုံးပေးမယ်လို့ ပြောကြား သွားပါတယ်၊ အီဂါလို က- တကယ်လို့ အိုဆီမန် ကသာ သူ့ရဲ့ အနာဂတ် အတွက် ဘာလုပ်သင့်လဲလို့ ကျွန်တော့်ကို မေးလာခဲ့ရင် ကျွန်တော်က




မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းဖို့ပဲ အကြံပေး သွားမှာပါ၊ ဘာကြောင့်လဲ ဆိုတော့ မန်ချက်စတာ ယူနိုက်တက် က ကမ္ဘာပေါ်မှာ အကြီးဆုံး ကလပ် ဖြစ်နေလို့ပါပဲ၊ အိုဆီမန် က မန်ချက်စတာ ယူနိုက်တက် နဲ့




သင့်တော်တဲ့ တိုက်စစ်မှူး လို့လည်း မြင်မိတယ်၊ သူက အခု မန်ချက်စတာ ယူနိုက်တက် ရဲ့ ခံစစ်ကြောင်းမှာ ကစားနေတဲ့ မာတီနက်ဇ် လို နှလုံးသားနဲ့ ဘောလုံးကို ကစားတတ်တဲ့ တိုက်စစ်မှူးပါ။ လို့




ထုတ်ဖော် ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်ပိုင်း အတွက် လာမယ့် နွေဈေးကွက်မှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး

ပစ်မှတ် တိုက်စစ်မှူး စာရင်းထဲမှာ နာပိုလီ အသင်းနဲ့ တောက်ပနေတဲ့ အိုဆီမန် လည်း ပါဝင်နေပြီး နာပိုလီ က အိုဆီမန် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး အဖြစ် ယူရို သန်း ၉၀ ထိ အလိုရှိ နေပါတယ်။

credit