ဖာဒီနန်ရဲ့ တိုက်တွန်းမှုကြောင့် ပီအက်စ်ဂျီကို စွန့်ခွာပြီး မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့လာဖွယ် ရှိနေတဲ့ အမ်ဘာပေ

ပီအက်ဂျီ အသင်း ချန်ပီယံလိဂ် ပြိုင်ပွဲက ထွက်ခွာခဲ့ ရပြီးနောက် ဖာဒီနန်က ပြင်သစ် စူပါစတား ကီလီယန် အမ်ဘက်ပေ အနေနဲ့ ပဲရစ်ကလပ်က ထွက်ခွာရန် တိုက်တွန်းခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွေ့ဖို့ ပြောဆိုလိုက်ပါတယ်။




ပီအက်ဂျီ အသင်းဟာ ဗုဒ္ဓဟူးနေ့က ဘိုင်ယန် ကို အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၀ နဲ့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီး ၎င်းတို့ရဲ့ ပထမဦးဆုံး ချန်ပီယံလ်ိဂ် ဖလားကို ထပ်မံ စောင့်ဆိုင်းရ တော့မှာ ဖြစ်ပါတယ်၊ ပီအက်ဂျီ ဟာ




ပြီးခဲ့တဲ့ ၇ ရာသီမှာ ၁၆ သင်းအဆင့် ကနေ ၅ ကြိမ်မြောက် ထွက်ခွာခဲ့ရခြင်း ဖြစ်ပြီး အဆိုပါ ရှုံးပွဲကြောင့် အမ်ဘက်ပေ ရဲ့ အပြောင်းအရွေ့ သတင်းတွေက ရေပန်းစား လာပြန်တာ ဖြစ်ပါတယ်၊ အမ်ဘက်ပေ ဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးရဲလ် ကို ပြောင်းရွေ့ဖို့ နီးစပ်မှု ရှိခဲ့ပြီး




စိတ် အပြောင်းအလဲကြောင့် ပီအက်ဂျီ နဲ့ သုံးနှစ် စာချုပ် ထပ်မံ ချုပ်ဆိုခဲ့တာပါ။ ပီအက်ဂျီ အသင်းဟာ မက်ဆီ ကို ခေါ်ယူထားပေမယ့် ချန်ပီယံလိဂ် ဖလား နဲ့ ဝေးကွာနေပြီ လာမယ့် နွေရာသီ ဟာ အမ်ဘက်ပေ အတွက် ပြင်သစ်က ထွက်ခွာဖို့ အသင့်တော်ဆုံး အချိန်လို့လည်း ယူဆနေကြပါတယ်။




ဖာဒီနန် က- သူက အခုချိန် ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်၊ ကျနော် သူ့ရဲ့ ကစားပုံကို နှစ်သက်ပါတယ်၊ သူ့အနေနဲ့ နောက်တဆင့် သွားဖို့ ဆိုရင် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်ကို သွားရောက် ကစားဖို့ လိုပါတယ်။




သူက ပီအက်ဂျီ အတွက် အကောင်းဆုံး စွမ်းဆောင်ပေး ခဲ့သလို ပြင်သစ်နဲ့လည်း ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်၊ သူ ချန်ပီယံ လိဂ်ဖလား လိုချင်နေမှာပါ၊ ပီအက်ဂျီ မှာ ဒီလို ဖြစ်လာမယ်လို့ မမြင်မိပါဘူး။




သူ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွေ့လာ သင့်တယ်၊ ပရီးမီးယားလိဂ်က ကမ္ဘာမှာ အကောင်းဆုံး လိဂ်ပါ၊ ဒါ့အပြင် ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်၊ သူ အင်္ဂလန်ကို လာကစားတာ မြင်ချင်ပါတယ်။ အင်္ဂလန်ကို လာမယ် ဆိုရင် အခြား အသင်း မဟုတ်ဘဲ မန်ချက်စတာ ယူနိုက်တက် အသင်းကို




လာစေချပါတယ်။ လို့ ပြောဆိုလိုက်ပါတယ်၊ နွေရာသီမှာ အမ်ဘက်ပေ ဒါမှမဟုတ် ကိန်း တို့ထဲက ဘယ်သူ့ကို လိုချင်သလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဖာဒီနန် က ၁၀၀ % အမ်ဘက်ပေ ပါ၊ ကိန်းတောင် ဒီလိုပဲ ပြောလိမ့်မယ် ထင်ပါတယ်၊ သူက ငယ်ရွယ်ပြီး အကောင်းဆုံး နှစ်တွေ ရောက်လာတော့မယ့် သူပါ။

အခု ကစားသမား ဘ၀ရဲ့ အကောင်းဆုံး နှစ်တောင် မရောက်သေးပါဘူး။ ဒါပေမယ့် သူ ပီအက်ဂျီ အတွက် ဂိုး ၂၀၀ ကျော် သွင်းထားပြီးပါပြီ၊ ကမ္ဘာ့ဖလားလည်း ဆွတ်ခူးထား သလို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ကလည်း ရွှေဖိနပ်ဆု ရယူထားပါတယ်။ လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

credit