လီဗာပူး ရှုံးပွဲအတွက် ဘတ်တစ်ကို ကျားခဲ ခဲပြီး ကွာတားဖိုင်နယ်ကို ခြေတဖက် လှမ်းကာ ယူရိုပါလိဂ် ဖလား သိမ်းရန် အဆင်သင့် ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘက်တစ် ကို 4-1 နဲ့ အနိုင်ယူခဲ့ပြီး လီဗာပူး အသင်းကို အရေးနိမ့်မှု ကနေ ရုန်းထွက် ပြခဲ့ပါတယ်၊ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမ အကျော့မှာ ဘက်တစ် အသင်းကို




ဂိုးပြတ် အနိုင်ယူပြီး ကွာတား ဖိုင်နယ်ကို ခြေတဖက်လှမ်း နိုင်ခဲ့တာလည်း ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကစားသမား လေးဦး အထိ ဂိုးသွင်း ယူနိုင်ခဲ့ပြီး ပရိသတ်တွေကို စိတ်ကျေနပ်မှု အပြည့်အဝ




ပြန်ပေးသွား နိုင်ခဲ့ပါတယ်၊ ညက ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဖိဖိစီးစီးနဲ့ ကစားခဲ့ပြီး ပွဲစဥ်ကို လွှမ်းမိုး နိုင်ခဲ့ပါတယ်၊ ဘက်တစ် အသင်းကတော့ အသင်းလိုက် ကစားဟန် ကောင်းမွန်ခဲ့ပြီး




ထိုးဖောက်မှု တချို့က အန္တရာယ် ပေးစွမ်းနိုင်ခဲ့ပေမယ့် ဒုတိယ ပိုင်းမှာ ခြေစွမ်း လုံး၀ ကျဆင်းသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကသာ သွင်းဂိုးတွေ ဆက်တိုက် ရယူသွားခဲ့ပါတယ်၊ အိုးလ်ထရက်ဖို့ဒ်မှာ




ပွဲစဥ်ကို အပြတ်ဖြတ် နိုင်ခဲ့တယ်လို့ ဆိုရပါမယ်၊ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ အန်တိုနီ က သူ့ရဲ့ ပုံမှန် ကန်သွင်းနေကျ အတိုင်း ဧရိယာ အပြင်ကနေ ဘယ်ခြေနဲ့ ကန်သွင်းယူပြီး ဦးဆောင်ဂိုး ထပ်မံ ယူပေးခဲ့ပါတယ်။




အဲဒီနောက် လုခ်ရှော ရဲ့ ထောင့်ကန်ဘော ကနေ ဘရူနို ဖာနန်ဒက်စ် က ခေါင်းတိုက် ဂိုးသွင်းယူခဲ့ သလို ပွဲသိမ်း ဂိုးကိုတော့ တွမ်မီနေး ကန်ချက်ကနေ ပြန်အံ ထွက်လာတာကို ဝက်ဂ်ဟော့စ် က အနီးကပ် ပိတ်သွင်း




ရယူ ပေးခဲ့တာပါ၊ သူ့ ကစားသမားတွေက အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်လို့ နည်းပြ Erik Ten Hag အတွက် ကျေနပ် လောက်စရာ ရလဒ် ဖြစ်ခဲ့ပါတယ်၊ အခြား ပွဲတွေ မှာတော့ အာဆင်နယ် တို့ စပို့တင်းနဲ့ တစ်ဘက် နှစ်ဂိုးစီ သရေ ကျခဲ့ပြီး ရိုးမား က ဆိုဆီဒက် ကို 2-0၊




ဆီဗီလာ က ဖီနာဘာချီ ကို 2-0၊ ဂျူဗီ က ဖရိုင်းဘတ် ကို 1-0၊ လေဗာကူဆင် က ဖာရန်ဗာရိုးစ် ကို 2-0 တို့နဲ့ နိုင်ခဲ့ကြပြီး ယူနီယံဘာလင် နဲ့ ယူနီယံစိန့် တို့က 3 ဂိုးစီ၊ ရှက်တာဒိုးနတ် နဲ့ ဖီယင်နော့ဒ် တို့က တစ်ဂိုးစီ သရေ ကျခဲ့ကြပါတယ်။

credit