ဘစ်တစ်ကို အနိုင်ရတဲ့ ပွဲစဉ်အတွင်း ကွင်းဘေး၌ Erik Ten Hag ၏ အပြုအမူအား ပရိတ်သတ်များ အကြား ပြောစရာဖြစ်နေ

ရီးရဲလ်ဘက်တစ် အသင်းနဲ့ ကကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ 4-1 ရလဒ်နဲ့ အနိုင် ရနေချိန် ကွင်းဘေးကနေ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် Erik Ten Hag က သူ့ ကစားသမား တွေကို




လက် သုံးချောင်း ထောင်ပြ ညွှန်ကြားမှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေက နောက်ပြောင် မှုတွေ ပြုလုပ်နေ ကြပါတယ်၊ ဒါဟာ Erik Ten Hag က သူ့ ကစားသမားတွေကို နောက်ထပ် သုံးဂိုး ထပ်မံ




သွင်းယူဖို့ ခိုင်း စေနေတာလို့ ပရိသတ်တွေက နောက်ပြောင် ခဲ့ကြတာ ဖြစ်ပါတယ်၊ လီဗာပူး အသင်းကို 7 ဂိုးပြတ်နဲ့ အရေးနိမ့် ပြီးနောက် ကစားခဲ့ရတဲ့ ပွဲစဥ်မှာ မန်ခိက်စတာ ယူနိုက်တက် အသင်းအနေနဲ့




ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ပြန်လာနိုင်ခဲ့တာ ဖြစ်ပြီး မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ ဝက်ဂဟော့စ် တို့က အသည်းသည်း ဂိုးတွေ သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




ယခုဆို ယူရိုပါလိဂ် ကွာတား ဖိုင်နယ်ကို ခြေတဖက် လှမ်းနိုင်ခဲ့ပြီ လို့တောင် ပြောလို့ရတဲ့ အနေအထားမှာ ရှိသွားခဲ့တာပါ၊ ပွဲ ကစားချိန် အတွင်း 4-1 ဖြစ်နေချိန်မှာ နည်းပြချုပ် Erik Ten Hag ရဲ့




လက် သုံးချောင်း ထောင် ညွှန်ကြားခဲ့မှုနဲ့ ပတ်သက်ပြီး ပရိသတ် တဦးက Erik Ten Hag က သူ့ရဲ့ ကစားသမား တွေကို ငါတို့ သုံးဂိုး အကြွေး ဆပ်ရဦးမယ်လို့ ပြောခဲ့တာပဲ၊ လို့ ‌ဆိုသွားခဲ့ပြီး




နောက်တဦး ကလည်း Erik Ten Hag က နောက်ထပ် သွင်းဂိုး သုံးဂိုး သွင်းနိုင်ဦး မလားလို့ သူ့ ကစားသမား တွေကို မေးနေခဲ့တာပဲ၊ လို့ ဆိုကာ တတိယမြောက် တဦး ကလည်း ၈၅ မိနစ်မှာ

နောက်ထပ် သုံးဂိုး သွင်းယူဖို့ အတွက် ကစားသမား တွေကို Erik Ten Hag က တောင်းဆိုနေတာ ဖြစ်တယ်။ လို့ ပြောဆိုခဲ့ကြောင်း Sportbible က ဖော်ပြ သွားခဲ့ပါတယ်၊ ဒါက အမှန် တကယ်တော့




သူ့ အသင်းသားတွေကို နည်းစနစ်ပိုင်း အရ ညွှန်ကြားခဲ့တာသာ ဖြစ်ပါတယ်၊ ဒါပေမယ့် လီဗာပူး အသင်းကို 7 ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ဘက်တစ် ကို လေးဂိုး သွင်းထား တာတွေနဲ့ တိုက်ဆိုင် နေခဲ့တာကြောင့်

ယခုလို နောက်ပြောင်ခဲ့ ကြတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ လာမယ့် ပွဲစဥ် အဖြစ် ဆောက်သမ်တန် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

credit