ဘရူနိုကို ချီးကျူးခဲ့ပေမယ့် နောက်ဘယ်တော့မှ မလုပ်သင့်တာကို မလုပ်ရဘူးဟု အဲရစ် တန်ဟက်ဂ် သတိပေး ပြောဆို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိမ်ကွင်းမှာ ရီးရဲလ် ဘက်တစ် အသင်းကို 4-1 နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲ အတွင်း အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ရဲ့ စွမ်းဆောင်ရည်ကို




နည်းပြ အဲရစ် တန်ဟက်ဂ် က ချီးကျူး လိုက်ပါတယ်၊ ဘရူနို ဖာနန်ဒက်စ် ဟာ ရီးရဲလ် ဘက်တစ် အသင်းကို အနိုင် ရရှိခဲ့တဲ့ ပွဲအတွင်း တစ်ဂိုးသွင်း၊ နစ်ဂိုး ဖန်တီးပေး နိုင်ခဲ့ပေမယ့် အနီကတ်ကို




ရှောင်လွှား နိုင်ခဲ့လို့ ခံစားချက်ကို ထိန်းသိမ်းဖို့ အဲရစ် တန်ဟက်ဂ် က သတိပေး ခဲ့ပါတယ်၊ ဘရူနို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ လီဗာပူး အသင်းကို 7 ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲ အတွင်း အပြုအမူကြောင့်




ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ရီးရဲလ် ဘက်တစ် ဂိုးသမား ဘရာဗို ကို ပြစ်ဒဏ် ကျူးလွန်ခဲ့ပေမယ့် အနီကတ် ကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ Erik Ten Hag က- သူ အကောင်းဆုံးတွေ




လုပ်ပြနိုင်ခဲ့ပြီး သန်မာမှုကိုပါ ပြသ နိုင်ခဲ့ပါတယ်၊ အန်ဖီးလ်မှာ ဂိုးပြတ် အရေးနိမ့် ခဲ့ပေမယ့် ဖာနန်ဒက်စ် တစ်ယောက် ဒီနေ့ ပွဲစဥ်မှာ အကောင်းဆုံး စွမ်းဆောင် ပြနိုင်ခဲ့ပါတယ်၊ သူက တကယ့်ကို ဒီနေ့မှာ




ထိပ်တန်း စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ၊ အသင်းကိုလည်း ဦးဆောင် နိုင်ခဲ့ပါတယ်၊ တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီးနိုင်ခဲ့လို့ ကျွန်တော် အရမ်း ပျော်ပါတယ်လို့ အဲရစ် တန်ဟက်ဂ် က ပြောကြားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ပထမပိုင်းမှာ သရေ ကျနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပြီး မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဘရူနို ဖာနန်ဒက်စ်၊ ဝက်ဂ်ဟော့စ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင် ရရှိခဲ့ပါတယ်။




အဲရစ် တန်ဟက်ဂ် က လီဗာပူး ကို ဂိုးပြတ် အရေးနိမ့် ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက် အကောင်းဆုံး ပြန်လည် လုပ်ဆောင် ပေးနိုင်ခဲ့ တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။




ကျွန်တော် ပရိသတ်တွေ ဆီက တုံ့ပြန်မှုကို ကျေနပ်ပါတယ်၊ ပွဲစဥ် အစ ကတည်းက အသင်းရဲ့ အနောက်မှာ ရှိခဲ့ကြသလို အသင်းကိုလည်း ဒီလိုမျိုး ပြန်လာနိုင်အောင် ခွန်အားတွေ ပေး ဆောင်ခဲ့ပါတယ်။ အသင်းနဲ့ ပရိသတ်တွေ ကြားက




စည်းလုံးမှုကို မြင်ရတဲ့ အတွက် ကျေနပ်ပါတယ်၊ ပထမပိုင်းရော ဒုတိယပိုင်းပါ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်၊ အာရုံ စူးစိုက်မှုလည်း အပြည့်အဝ ရှိခဲ့သလို ပထမပိုင်းမှာ သုံးဂိုးလောက် ရခဲ့ပေမယ့် အမှားတစ်ခု ကနေ

တစ်ဂိုး ပေးခဲ့ရတယ်၊ ဒုတိယပိုင်းမှာ ကျွန်တော်တို့ သွင်းဂိုးကောင်း တစ်ချို့ ရခဲ့ပြီး တနင်္ဂနွေနေ့ ပွဲစဥ် အပြီး အခုလို ရလဒ်ကို ကျေနပ်ပါတယ်။ လို့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ပြောကြားခဲ့ပါတယ်။

credit