ရီးရဲလ်ဘက်တစ် နဲ့ ပွဲမှာ သွင်းဂိုး ရယူပေးခဲ့ပေမယ့် အန်တိုနီကို အလိုမကျ ဖြစ်နေတဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ဟာ ကြာသပတေးနေ့က ရီးရဲလ် ဘက်တစ် အသင်းကို 4-1 နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ် အတွင်း ဒုတိယပိုင်းမှာ သွင်းဂိုး ရယူ ပေးခဲ့ပေမယ့် အန်တိုနီ ရဲ့ပထမပိုင်း စွမ်းဆောင်ရည် အပေါ်
အလိုမကျ ဖြစ်ခဲ့ပြီး ဝေဖန် ပြောဆိုလိုက်ပါတယ်၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် က မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ရီးရဲလ် ဘက်တစ် အသင်း အတွက် ချေပဂိုးကို လက်စတာ အသင်းကနေ အငှား လာရောက် ကစားနေတဲ့
ပီရက်ဇ် က သွင်းယူပေး ခဲ့ပါတယ်၊ အဲ့နောက် ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ အန်တိုနီ၊ ဘရူနို ဖာနန်ဒက်စ်၊ ဝက်ဂ်ဟော့စ် တို့ရဲ့ ဂိုးတွေနဲ့ အနိုင် ရရှိခဲ့ပါတယ်၊ အေဂျက်စ် ကစားသမားဟောင်းက သူ့ရဲ့ အမှတ်အသား ကန်ချက် ဖြစ်တဲ့ ညာတောင်ပံ ကနေ ဖြတ်ချိုးပြီး ဘယ်ခြေနဲ့
ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် က အသက် ၂၃ နှစ်သားရဲ့ စွမ်းဆောင်ရည်ကို သဘောမကျ ဖြစ်နေပြီး အထူးသဖြင့် ပထမပိုင်း စွမ်းဆောင်ရည်ကို သဘောမကျ ဖြစ်နေတာပါ။ အန်တိုနီ ဟာ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည် ကောင်းတွေ မပြသ နိုင်ခဲ့သေးပဲ
ယူရိုပါလိဂ် မှာပဲ လုပ်နိုင်တယ်လို့ ထင်မြင်နေ ကြပေမယ့် အဲရစ် တန်ဟက်ဂ် က အခုလို ပြောကြားခဲ့ပါတယ်။ အန်တိုနီ ယူရိုပါလိဂ်မှာပဲ လုပ်နိုင်တယ်လို့ ကျွန်တော် မထင်ပါဘူး၊ ဘာလို့လဲ ဆိုတော့ သူ ပရီးမီးယားလိဂ်ကို ရောက်လာပြီး ပထမဆုံး သုံးပွဲမှာ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရီးရဲလ် ဘက်တစ် နဲ့ ပွဲက ပထမပိုင်း စွမ်းဆောင်ရည် ကိုတော့ သဘောမကျ ဖြစ်မိပါတယ်၊ သူ့အနေနဲ့ အခုထက် ပိုပြီး လုပ်ပြနိုင်သင့်တယ်လို့ မြင်တယ်၊ ပွဲစဉ်ရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည် ကတော့ ပိုကောင်းခဲ့ပါတယ်။
တကယ် ကောင်းတဲ့ အရေးပါတဲ့ ဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ လို့ အဲရစ် တန်ဟက်ဂ် က ပြောကြားခဲ့ပါတယ်၊ ဒါ့အပြင် အဲရစ် တန်ဟက်ဂ် က ရီးရဲလ် ဘက်တစ် နဲ့ ပွဲမှာ နောက်ထပ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ရဲ့ စွမ်းဆောင်ရည် ကိုလည်း ထပ်မံ ချီးကျူးခဲ့ပါတယ်။ Erik Ten Hag က- သူက ကွင်းထဲက အကောင်းဆုံး
ကစားသမားလို့ ထင်ပါတယ်၊ သူ့ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့ပြီး ဒီနေ့ ပွဲစဥ်မှာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်၊ သူကို ခေါင်းဆောင်ကောင်း တစ်ဦးလို့ ထင်တယ်၊ ကောင်းမွန်တဲ့ ပေးပို့မှုတွေ အပြင် အခွင့်အရေး ကောင်းတွေကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်လို့ အဲရစ် တန်ဟက်ဂ် က ပြောကြားသွားခဲ့ပါတယ်။
credit