အလွတ် ရစဉ်က စိတ်မဝင်စား မိခဲ့တာကြောင့် ယခုအခါ ရိုးမားထံက သင့်တင့်တဲ့ ဈေးနဲ့ ဒိုင်ဘာလား ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ကြိုးစားနေ
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေ ဈေးကွက်မှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စဉ်းစားထားပြီး ရိုးမား အသင်းနဲ့လအတူ တောက်ပနေတဲ့ အာဂျင်တီးနား ကြယ်ပွင့် ဖြစ်သူ
တိုက်စစ်မှူး ဒိုင်ဘာလား ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Goal သတင်းဌာနက အခိုင်အမာ ဖော်ပြသွား ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းက တိုက်စစ်ပိုင်းမှာ မာရှယ်၊ ရပ်ရှ်ဖို့ဒ် နဲ့
ဗက်ဟော့စ် ကိုတော့ အငှားနဲ့ ခေါ်ယူထားပြီး တိုက်စစ်မှူး တွေကို ပိုင်ဆိုင်ထား ပေမယ့်လည်း မာရှယ် ဒဏ်ရာ ရနေတတ်တာ ဗက်ဟော့စ် ခြေစွမ်းပိုင်း ယုံကြည်လို့ မရတာ ရပ်ရှ်ဖို့ဒ် ကလည်း
အထောင် တိုက်စစ်ထက် တောင်ပံ တိုက်စစ် နေရာမှာသာ ကစားဖို့ စိတ်အား ထက်သန်နေတာ တွေကြောင့် လာမယ့် နွေဈေးကွက်မှာ တိုက်စစ်ပိုင်း အဓိကထား အင်အား ဖြည့်တင်းဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗက်ဟော့စ် ကို အပြီးသတ် မခေါ်ယူဖို့ စဉ်းစားထား သလို ဒဏ်ရာ ရနေတတ်တဲ့ မာရှယ် ကိုလည်း သင့်တော်တဲ့ ကမ်းလှမ်းမှု ရလာရင် ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။
ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးနဲ့ အရန် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူမှာ ဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်ပိုင်း အတွက် ဟယ်ရီကိန်း၊ အိုဆီမန်၊ ဗလာဟိုဗစ် စတဲ့
ထိပ်တန်း တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ စီစဉ်ထားသလို အရန် တိုက်စစ်မှူးနေရာ အတွက်တော့ တန်ဖိုးနည်း တိုက်စစ်မှူးတွေကို ရှာဖွေနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ် စာရင်းထဲမှာ
ရိုးမား အသင်းနဲ့ တောက်ပနေတဲ့ ဒိုင်ဘာလား လည်း ပါဝင်နေပါတယ်၊ အသက် ၂၉ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးဟာ ယခုနှစ် ဘောလုံးရာသီ အစက ဂျူဗင်တပ် ကနေ ရိုးမား အသင်းကို
အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ရိုးမား ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားထားပြီး ရိုးမား အသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ ဂိုး သွင်း
၈ ဂိုး ဖန်တီး ဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်၊ Goal သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ရိုးမား အသင်းမှာ ခြေစွမ်း ပြနေတဲ့ ဒိုင်ဘာလား ကို
ခေါ်ယူဖို့ စိတ်ဝင်စား နေကြပြီး ဒိုင်ဘာလား ရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို ၁၁ သန်းသာ ရှိတဲ့ အချက်ဟာ မန်ချက်စတာ ယူနိုက်တက် က ဒိုင်ဘာလား ကို ခေါ်ယူဖို့ စိတ်ဝင်စားရတဲ့ အဓိက အချက် ဖြစ်ကြောင်း သိရပါတယ်။
credit