အဲရစ်ဆင် ရဲ့ ဒဏ်ရာ အခြေအနေ ကို Update သတင်း အတည်ပြု ပြောကြားလိုက်တဲ့ အဲရစ် တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဖြစ်သူ အဲရစ်ဆင် ဟာ လက်ရှိ ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပြန်လည် ကစားပေးနိုင်မှာ သေချာကြောင်း
နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က အတည်ပြု ပြောဆို သွားခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက ရက်ဒင်း အသင်းနဲ့ ကစားစဉ် တိုက်စစ်မှူး အန်ဒီကာရိုးလ် နဲ့ ထိမိခဲ့ခြင်းကြောင့်
အဲရစ်ဆင် ဟာ ဒူးအရွတ် ဒဏ်ရာ ရရှိသွားခြင်း ဖြစ်ပါတယ်၊ အဆိုပါ ဒဏ်ရာကို ခွဲစိတ် ကုသမှု ခံယူခဲ့ရပြီး ဒိန်းမတ် လက်ရွေးစင် အနေနဲ့ ကာလရှည် နားနေခဲ့ရဝာာ ဖြစ်ပါတယ်၊ မူလက ဧပြီ ဒါမှမဟုတ်
မေလ လောက် အထိ အဲရစ်ဆင် အနေနဲ့ အနားယူ ရမှာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုတော့ ဋည်းပြ Erik Ten Hag က အဲရစ်ဆင် ရဲ့ ဒူးအရွတ် ဒဏ်ရာ အခြေအနေဟာ ပုံမှန် တိုးတက်မှု ရှိကြောင်း
မတ်လ ကုန်မှာ ကစားရဖို့ ရှိတဲ့ နိုင်ငံတကာ ပွဲစဥ်များ ကစားတဲ့ အချိန် မတိုင်မီတော့ အဲရစ်ဆင် ပြန်ကစားနိုင်ရန် မရှိကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ Erik Ten Hag က- ဒီနှစ် ဘောလုံး ရာသီမှာ
အဲရစ်ဆင် ပြန်ပြီး ကစားနိုင်မှာပါ၊ ဒါက ကျိန်းသေပါတယ်၊ အခု အချိန်မှာတေ့ာ ဘယ်တော့ ပြန် ကစားနိုင်မယ် ဆိုတာကို အတိအကျ ပြောလို့မရပါဘူး၊ သူ့ရဲ့ ဒဏ်ရာက သတ်မှတ်ထားတဲ့ အချိန်ဇယား အတိုင်း
တိုးတက်နေပါတယ်၊ သူ ပြန်ပြီး ကစားနိုင်မှာ သေချာပါတယ်၊ နိုင်ငံတကာ ပွဲစဥ်တွေ မတိုင်ခင် ပြန် ကစားနိုင်ဖို့ ကတော့ မဖြစ်နိုင်ပါဘူး။ လို့ အဲရစ် တန်းဟက်ဂ် က ပြောဆိုသွားခဲ့ပါတယ်။ အဲရစ်ဆင် ဟာ
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားများ အစည်းအဝေး တွေမှာလည်း ပါဝင်ကြောင်း အဲရစ် တန်းဟက်ဂ် က ပြောဆိုခဲ့ပါသေးတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် တနင်္ဂနွေ နေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အသင်း၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဆောက်သမ်တန် အသင်းကို ဧည့်ခံ ကစားရန်လည်း ရှိနေပါတယ်။
credit