မန်ချက်စတာ ယူနိုက်တက် Vs ဆောက်သမ်တန် ပွဲစဉ်အတွက် BBC sports ရဲ့ သုံးသပ် ခန့်မှန်းချက်
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီအပါတ် ပရီးမီးယားလိဂ် မှာ ဆောက်သမ်တန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ် မှာ ဧည့်ခံ ကစားသွားရမှာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ အပါတ်က
အရှက်တကွဲ ဂိုးပြတ် ရှုံးနိမ့်မှုကို ပြန်လည် တုန့်ပြန်ဖို့ စိတ်အား ထက်သန်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပွဲစဥ်မှာ ဘယ်လောက်ထိ သွင်းယူကြမလဲ စောင့်ကြည့်ချင် စရာ ဖြစ်ပါတယ်။
BBC သတင်းဌာနက ပင်တိုင် သုံးသပ် ခန်မှန်းသူ ဖြစ်တဲ့ ခရစ်ဆက်တန် ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆောက်သမ်တန် အသင်းတို့ရဲ့ ပွဲစဉ် အတွက် ခန့်မှန်းထားချက် ထုတ်ပြန်သွားခဲ့ပါပြီ။
ခရစ်ဆက်တန်- မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်သမား မားကပ်စ် ရပ်ရှ်ဖို့ဒ် ကတော့ လီဗာပူး အသင်းကို ဂိုးပြတ် ရှုံးနိမ့် အပြီးမှာ သူတို့ အသင်းက လက်မြှောက် အရှုံးပေးခဲ့တာ မဟုတ်ဘူးလို့
အခိုင်အမာ ပြောဆိုခဲ့ပါတယ်၊ ဒါပေမယ့် အန်းဖီးက ပွဲစဉ်ရဲ့ ဒုတိယပိုင်းက သူတို့ရဲ့ ကစားပုံ အတော်လေးကို ကြည့်မကောင်း ဖြစ်ခဲ့တာပါ၊ ဒါက မန်ချက်စတာ ယူနိုက်တက် အတွက် ဆိုးဝါးတဲ့နေ့ ဖြစ်ခဲ့ပါတယ်။
အဲဒီပွဲ ကစားခဲ့တဲ့ သူတိုင်း အတွက်လည်း အရှက် ရစရာ ဖြစ်ခဲ့တယ်၊ လာမယ့် နှစ်တွေ အတော် ကြာတဲ့ထိဒီပွဲ ရလဒ်က သူတို့ကို ခြောက်လှန့် နေမှာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်း
ဒီရာသီ အခြေအနေ ယိမ်းယိုင် သွားမယ်လို့ စဉ်းစားမယ် ဆိုရင်တော့ ရူးမိုက်ရာ ကျပါလိမ့်မယ်၊ အဲဒီ ပွဲစဉ် မတိုင်ခင် သူတို့ လျှောက်လှမ်း လာတာနဲ့ ရလဒ် တွေကို ထည့်ပြီး တွေးရမှာပါ၊ သူတို့ ကစားသမား
တချို့က အတော် အစွမ်း ရှိတာလည်း ကျနော်တို့ မြင်ခဲ့ ပြီးပါပြီ ဟုတ်ပါတယ် သူတို့ တုန့်ပြန်ဖို့ လိုပါတယ်၊ ဒါကို ဒီပွဲမှာ အတိအကျ မြင်ရမယ်လို့ ကျနော် ထင်နေမိပါတယ်၊ ဆောက်သမ်တန် အသင်းက
ပြီးခဲ့တဲ့ ပွဲမှာ လက်စတာ စီးတီး အသင်းကို အရေးကြီးတဲ့ နိုင်ပွဲ ရခဲ့တယ်၊ ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် အခက်ခဲ ရှိမယ်လို့တော့ မထင်မိပါဘူး၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းက
ဒီ ပွဲစဥ်ကိုရော ကြာသပတေးနေ့ ဘက်တစ် နဲ့ ပွဲစဥ်ကိုပါ အမျက်ဒေါသ တကြီး ကစားသွားလိမ့်မယ် လို့ ထင်တယ်၊ ဒါကြောင့် ဆောက်သမ်တန် နဲ့ ပွဲစဥ်ကို သူတို့ ဂိုးပြတ် နိုင်မှာပါ။ လို့ ခရစ်ဆက်တန် က သုံးသပ် သွားခဲ့ပါတယ်။
ခန့်မှန်းချက်- မန်ချက်စတာ ယူနိုက်တက် 3-0 ဆောက်သမ်တန်
credit