ဘောလုံး ဖြန့်ဝေမှုပိုင်း လိုအပ်ချက် ရှိတာကြောင့် ထိပ်တန်း ဂိုးသမား နှစ်ဦးကို ကင်းထောက်နေတဲ့ မန်ယူ

ရာသီကုန်ဆုံးဖို့ နီးကပ်လာတာနဲ့ အမျှ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် အနေနဲ့ ရာသီကုန် အတွက် ကြိုတင် ပြင်ဆင်မှုတွေနဲ့ ကစားသမား ခေါ်ယူဖို့ ကြိုးစားမှုတွေကို စတင် လာခဲ့ပါတယ်၊ နယ်သာလန် သားရဲ့




ပထမဆုံး နွေရာသီဟာ အလုပ် ရှုပ်ခဲ့ပြီး ကစားသမား ၆ ယောက် အထိ ခေါ်ယူခဲ့ပါတယ်၊ ဒါပေမယ့် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ကတော့ အသင်းကို ထပ်မံ အင်အား ဖြည့်တင်းဖို့ စီစဉ်နေပြီး




စီနီယာ ကစားသမား နှစ်ဦးလောက် ထွက်ခွာဖို့ ရှိနေတာကြောင့် သေချာပေါက် ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်လာ ခဲ့ပါတယ်၊ ဒီနွေရာသီ မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းက သူတို့ရဲ့ ကာလရှည်




ပစ်မှတ် ဖြစ်တဲ့ အထောင် တိုက်စစ်မှူး နေရာကို ခေါ်ယူဖို့ ရှိနေပြီး လက်ရှိ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဝက်ဂ်ဟော့စ် ကိုတော့ အပြီးသတ် ခေါ်ယူဖို့ အစီအစဉ် မရှိလောက်ပါဘူး၊ နောက်ထပ် ဝယ်ယူသွားရမယ့်




နေရာတွေ အဖြစ် ကတ်စ်မဲရိုး နဲ့ ခရစ္စတီယန် အဲရစ်ဆင် တို့ကို ခေါ်ယူထားတဲ့ ကွင်းလယ်ပိုင်း ကိုလည်း အင်အား ထပ်မံ ဖြည့်တင်းလိုနေပါတယ်၊ ဒါပေမယ့် လက်ရှိ စာချုပ်သက်တမ်း လေးလသာ ကျန်ရှိတော့တဲ့




ဂိုးသမား ဒေးဗစ် ဒီဂီယာ ရဲ့နေရာမှာလည်း အစားထိုးဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်၊ ဒီဂီယာ ဟာ ထိပ်တန်း အဆင့် shot stopper တစ်ယောက် ဖြစ်ပေမယ့် လက်တလောမှာ သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှု အရည်အသွေးနဲ့ ပတ်သက်လို့ အပြင်းအထန် ဝေဖန်ခံ နေရတာလည်း ဖြစ်ပါတယ်။




သတင်းတွေ အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီဂီယာ ကို စာချုပ်သစ်မှာ လစာ လျှော့ယူဖို့ တောင်းဆိုခဲ့ပြီး ၂၀၁၉ ခုနှစ် ကတည်းက စာချုပ်ခဲ့တဲ့ စာချုပ်သစ်ကြောင့် စပိန်သား ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လစာ အမြင့်ဆုံး ကစားသမား ဖြစ်နေပါတယ်။




စာချုပ်သစ် အတွက် ဆွေးနွေး နေသော်လည်း တစ်ဘက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ဒီဂီယာ ရဲ့ နေရာကို အစားထိုးမယ့် ဂိုးသမားသစ် တွေကို ရှာဖွေနေပြီ ဖြစ်ပါတယ်၊ အဲဒီ ဂိုးသမားတွေ ကတော့ ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာ နဲ့




ပေါ်တို ဂိုးသမား ဒီယိုဂို ကော်စတာ တို့ ဖြစ်ပါတယ်၊ ရာယာ ကတော့ လန်ဒန် ကလပ်နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ရှိတော့တာကြောင့် ခေါ်ယူဖို့ ဖြစ်နိုင်တဲ့ ပစ်မှတ် ဖြစ်ပေမယ့် ကော်စတာ ကတော့




ပေါ်တူဂီ ထိပ်သီး အသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆို ထားတာကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်ပါတယ်၊ ဒီဂီယာ ရဲ့အနာဂတ်က အိုးလ်ထရက်ဖို့ဒ်မှာ ကာလရှည် ဆက်ရှိဖို့ မသေချာ တော့ပေမယ့် နောက်ထပ် ၂ နှစ်လောက် သက်တမ်း တိုးမြှင့်ပြီးရင်တော့




သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံး တန်ဖိုးကြီး စာချုပ် ဖြစ်သွားနိုင်ပါတယ်၊ လက်ရှိမှာ ၂ နှစ် သက်တမ်း တိုးမယ် ဆိုရင်တော့ ၂၀၂၅ ခုနှစ် အထိ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပြီး ၁၄ နှစ်ကြာ မန်ချက်စတာ ယူနိုက်တက် မှာ ကစားသွားမှာ ဖြစ်ပါတယ်။

credit