လီယွန်နယ် မက်စီ နှင့် တသင်းထဲ ကစားရတော့မည့် ဟယ်ရီ မက်ဂွိုင်းယား
|ပြင်သစ် ထပ်သီး ကလပ် အသင်းကြီး ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယား ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ထိ ပေးဆောင် ခေါ်ယူမည် ဖြစ်ကြောင်း
နာမည်ကြီး သတင်းဌာန ဆန်း သတင်းစာက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ ကာလ ကတည်းက ဟယ်ရီ မက်ဂွိုင်းယား ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
အချိန်မမှီလို့ အပြောင်းအရွှေ့မှာ အပြီးသတ်နိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ကြောင်း ဆန်း သတင်းစာက ရေးသားခဲ့ပါတယ်။ ဟယ်ရီ မက်ဂွိုင်းယား ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၂၀၀၀၀ ရရှိနေပြီး ကာတာ ပိုင်ရှင်များရဲ့ ကျောထောက်နောက်ခံ ရှိတဲ့
ပီအက်စ်ဂျီ အသင်း အတွက် ဒီလို ပမာဏ လစာက ပြဿနာ မရှိကြောင်းလည်း သတင်းများက ဆက်လက် ဖော်ပြပါတယ်။ ဟယ်ရီ မက်ဂွိုင်းယား ဟာ မန်ချက်စတာ ယူနိုက်တက် မှာ စာချုပ် သက်တမ်း ၂ နှစ် အထိ ကျန်ရှိနေပေမယ့် အသင်းမှာ
နေရာမရ ဖြစ်နေတာကြောင့် အိုးလ်ထရက်ဖို့ဒ် ကို စွန့်ခွာဖို့ ဆုံးဖြတ်နိုင်ချေ အလားအလာ များနေပြီး အသင်းခေါင်းဆောင် အဖြစ် ဆက်လက် ရပ်တည်နေပေမယ့် မန်ချက်စတာ ယူနိုက်တက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲမှည တစ်ပွဲသာ ပွဲထွက်ခွင့် ရရှိထားတာလည်း ဖြစ်ပါတယ်။
ဟယ်ရီ မက်ဂွိုင်းယား ဟာ နယူးကာဆယ် အသင်းနဲ့ ကစားတဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲမှာ ၂ မိနစ်သာ ပါဝင် ကစားခွ င့်ရရှိခဲ့တာပါ၊ အင်္ဂလန် အသင်း မန်နေဂျာ ဂါးရတ် ဆောက်ဂိတ် ကတော့ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ဟယ်ရီ မက်ဂွိုင်းယား ကို အမာခံ ခံစစ်မှူး အဖြစ်
ဆက်လက် အသုံးပြုနေပြီး မတ်လ ၂၃ ရက်နေ့မှာ ကစားမယ့် အင်္ဂလန် အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ဖွယ် ရှိနေပါတယ်။ အသက် ၃၆ နှစ်အရွယ် စပိန် ခံစစ်မှူး ဖြစ်သူ ရာမို့စ် ကို အသုံးပြုနေရတဲ့ ပီအက်စ်ဂျီ နည်းပြချုပ် ဂေါ်လ်တီယာ အတွက် ခံစစ်ကို
အားဖြည့်ရန်မှာ အရေးကြီးနေကြောင်း သတင်းများက သုံးသပ် ဖော်ပြကြပါတယ်။
credit