ကမ္ဘာ့ အကောင်းဆုံး ကစားသမားဟု ပြောဆိုနေမှု အပေါ် မှတ်ချက်ပေးလာတဲ့ ရပ်ရှ်ဖို့ဒ်
|မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် က လက်ရှိ အချိန် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်နေတယ်လို့ သတ်မှတ်နေခြင်း အပေါ် ငြင်းဆန်သွားခဲ့ပါတယ်။
ဒီနှစ် ဘောလုံး ရာသီမှာ အတော်လေးကို in form ဖြစ်နေတဲ့ ကစားသမား ရပ်ရှ်ဖို့ဒ် က ဖေဖော်ဝါရီ လရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို လက်ခံ ရရှိခဲ့ပြီးနောက် ဒီရာသီအတွင်း သူရရှိခဲ့တဲ့
ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမား ဆုက သုံးခုထိတောင် ရှိလာခဲ့ပါတယ်၊ တစ်ရာသီလုံး မှာလည်း မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ အတွင်း ၂၆ ဂိုးထိ သွင်းယူထားပြီး
၉ ဂိုးထိ ဖန်တီးထားနိုင်တဲ့ ၂၅ နှစ်အရွယ် ကစားသမားကို လက်ရှိ ကမ္ဘာ့အကောင်းဆုံးလို့ ပြောဆို လာခဲ့ခြင်း အပေါ် ကစားသမား ကိုယ်တိုင်က ပယ်ချခဲ့တာပါ၊ ရပ်ရှ်ဖို့ဒ် က သူ့ အသင်းဖော် ဂိုးသမား
ဒီဂီယာ ရယ် သူရဲ့ ဆရာသမား နည်းပြ တန်ဟက်ဂ် တို့နဲ့ အတူ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး ဆုတွေကို သိမ်းပိုက်ရယူခြင်း အတွက် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို
ကျေးဇူးတင်ကြောင်း ဆိုရှယ် မီဒီယာပေါ်မှာ ပို့စ် တင်ထားခဲ့ရာ ဒီ ပို့စ်အောက်မှာ ပရိသတ် တစ်ဦးက ရပ်ရှ်ဖို့ဒ်ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ comment ရေးသားလာတဲ့ အပေါ် ရပ်ရှ်ဖို့ဒ်က-
လူတွေ ငါ့ကို ဒီလို ပြောဆိုနေတဲ့ အတိုင်း ဖြစ်လာဖို့ဆိုတာ ငါ့ဘက်က အများကြီး လုပ်ဆောင်ဖို့ လိုနေပါသေးတယ် ဘရို။ လို့ တုံ့ပြန်ခဲ့ပါတယ်၊ လက်ရှိ ဘောလုံး ရာသီရဲ့ ဥရောပ ဘောလုံး ဇာတ်ခုံမှာ
ဂိုးသွင်း အများဆုံး ကစားသမားတွေ အဖြစ် အာလင်း ဟာလန်း၊ ကီလီယန် အမ်ဘာပေ မားကပ်စ် ရပ်ရှ်ဖို့ဒ် တို့ ၃ ဦးက အသီးသီး ရပ်တည် နေကြပြီး ဟာလန်း က ၃၄ ဂိုး ဘာပေ က ၃၁ ဂိုးနဲ့ ရပ်ရှ်ဖို့ဒ် က
၂၆ ဂိုး သွင်းယူထား ကြပါတယ်၊ ဟာလန်း နဲ့ အမ်ဘာပေ တို့က မနေ့ညက အမှတ်ပေး ပွဲစဉ်တွေမှာ သွင်းဂိုး တစ်ဂိုးစီ သွင်းယူထားခဲ့ပြီး ရပ်ရှ်ဖို့ဒ် ကလည်း ဒီနေ့ည ဆောက်သမ်တန်နဲ့ ပွဲမှာ ဂိုး ရယူသွားနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါမယ်။
credit