ဒိုင်တွေနဲ့ တသမတ်တည်း မဟုတ်တဲ့ မူဝါဒတွေ အပေါ် ဝေဖန်လိုက်ပြီး သောက်ရေးမပါဘူးဟု ယူဆရတဲ့ ပြောဆိုချက်နဲ့ ပေါက်ကွဲလိုက်တဲ့ အဲရစ် တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ဆောက်သမ်တန် အသင်းနဲ့ ဂိုးမရှိ သရေ ကျခဲ့တဲ့ ပွဲစဥ် အပြီးမှာ ၎င်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ ကွင်းလယ်လူ ကက်စ်မဲရိုး ကို




ထုတ်ပယ် ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်ရဲ့ မူဝါဒ တွေနဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ သောက်ရေးမပါကြောင်း မသိမသာ ပြစ်တင် ပြောဆိုလိုက်ပါတယ်၊ သူ့ ကစားသမားဟာ မျှမျှတတ ကစားခဲ့ပေမယ့်လည်း အနီကတ် ပြသ ခံခဲ့ရမှုက မဖြစ်သင့်ဘူးလို့




အဲရစ် တန်ဟက်ဂ် က ယူဆပြီး ဘရာဇီးလ် ကွင်းလယ်လူဘက် က ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်သွား ခဲ့ပါတယ်၊ ကက်စ်မဲရိုး ဟာ ဆောက်သမ်တန် အသင်း ကစားသမား ကားလိုစ် အယ်လ်ကာရက်ဇ် ကို ပြစ်ဒဏ် ကျူးလွန်မှုမှာ ဘောလုံးကို အရင်ထိပြီးမှသာ




ခြေထောက်ကို သွားထိခဲ့တာ ဖြစ်ပါတယ်၊ ဒီ ပြစ်ဒဏ် အတွက် အဲရစ် တန်ဟက်ဂ် က တော်တော်လေး ဒေါသထွက် နေပြီး တည်ငြိမ် အားကောင်းတဲ့ မူဝါဒမျိုးသာ အလိုရှိတယ်လို့ ပြောဆိုခဲ့တာပါ၊ ဒိုင်လူကြီးတွေရဲ့




ဆုံးဖြတ်ချက် ကိုလည်း ပြင်းပြင်း ထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။ Erik Ten Hag က- ဒိုင်လူကြီးက ဒီရာသီမှာ ပရီးမီးယားလိဂ် ကို မူဝါဒ တခု ကိုင်ဆွဲပြီး ရောက်လာတယ်၊ ကက်စ်မဲရိုး က ဥရောပမှာ ပွဲပေါင်း ၅၀၀ ကျော် အထိ ကစားခဲ့ပြီးပြီ။




ဘယ်တုန်းကမှ အနီကတ် ဆက်တိုက် အပြ ခံခဲ့ရတာမျိုး မရှိခဲ့ဖူးဘူး၊ အခုသူ အနီကတ် နှစ်ကြိမ်မြှောက် ရသွားပြီ၊ သူကစားတာ ကြမ်းတယ် ဆိုပေမယ့် မျှတမှု ရှိပါတယ်၊ ဘောင်ထဲမှာ ကန့်သတ် ထိန်းချုပ် ခံရတာက




ကြည့်ရဆိုးပါတယ်၊ ဒါပေမယ့် ဘောလုံးအကြောင်းကို တခုခု သိတဲ့ သူတိုင်းက ဘယ်အရာက ကောင်းလဲ? ဘယ်အရာ တရားမျှတလဲ ဆိုတာကို နားလည်ကြမှာပါ၊ ကက်စ်မဲရိုး က အရမ်းကို Fair ဖြစ်တဲ့ ကစားသမားလို့ ကျနော် ပြောမယ်။ အဝတ် လဲခန်းထဲ မှာလည်း




သူက စကားအများကြီး မပြောခဲ့ဘူး၊ သူ စိတ်ပျက်နေတယ်။ လို့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ပြောဆိုပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်း ပင်နယ်တီ ရရှိမယ့် အနေအထားတွေနဲ့ ပတ်သက်ပြီးတော့လည်း အဲရစ် တန်ဟက်ဂ် က-




သူတို့ တသမတ်တည်း မဟုတ်တဲ့ အတွက် မူဝါဒတွေက ဘယ်လိုလဲ ဆိုတာကိုတောင် ကစားသမားတွေက ရှင်းရှင်းလင်းလင်း မသိတော့ပါဘူး၊ အရမ်းကို သိသာ ထင်ရှားတဲ့ လက်ထိဘောပါ၊ ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင် က ပွဲကို စိုးမိုးသွားတယ်။ လို့ ထပ်မံ ပြောဆိုခဲ့ပါတယ်။

credit