မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ အဆင့် ဘယ်လောက်နဲ့ ပိတ်သိမ်းသွားမလဲ စပါးနည်းပြ ကွန်တီ ထုတ်ပြော

စပါး အသင်း နည်းပြချုပ် ကွန်တီက မကြာသေးမီက ကာရာဘောင်း ချန်ပီယံ ဖြစ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာနဲ့သာ ကျေနပ်သွားရမှာ ဖြစ်ကြောင်း ထုတ်ဖော်‌ ပြောဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကွန်တီ ရဲ့ စပါး အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၃ နဲ့ အဆင့် ၄ နေရာတွေကို အသည်းသည်း သိမ်းပိုက်ထားတဲ့ အသင်းတွေ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက စပါး အသင်းထက် ရမှတ် နှစ်မှတ် အသာ ရနေတာ ဖြစ်ပါတယ်။




ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် က ပွဲကျန် တစ်ပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် စပါး အသင်းကို ရမှတ် ၅ မှတ်ထိ ဖြတ်တောက်နိုင်မယ့် အခွင့်အရေး ရှိနေပြီး စပါး အသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့




လာမယ့် ပွဲစဥ်တွေမှာ တတ်နိုင်သလောက် ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ် နေတာ ဖြစ်ပါတယ်၊ လက်ရှိမှာ စပါး အသင်း အဆင့် ၄ နေရာကို သိမ်းပိုက် ထားနိုင်ပေမယ့် အဆင့် ၅ နေရာမှာ ရှိနေတဲ့ နယူးကာဆယ် အသင်းက စပါး အသင်ထက် နှစ်ပွဲ လျော့ထားချိန်မှာ




စပါး နဲ့ ရမှတ် ၄ မှတ်သာ ကွာဟ နေတာကြောင့် စပါး က ချန်ပီယံလိဂ် ဝင်ခွင့် တနေရာစာ အဆင့် ၄ နေရာကို ရရှိဖို့ မသေချာ သေးပါဘူး၊ ဒါကြောင့်ပဲ ကွန်တီ က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အာဆင်နယ်၊ မန်ချက်စတာ စီးတီးနဲ့




မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ကို ကျိန်းသေပေါက် ရရှိကြမယ့် အသင်းတွေ ဖြစ်ပြီး သူတို့ အသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ မသေချာ သေးကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။ ကွန်တီ က-




ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ပြိုင်ဆိုင် ရတာ အရမ်းကို ခက်ခဲပါတယ်၊ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာစာ အတွက် ကျွန်တော်တို့တွေ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်တွေက အသင်းကောင်း တွေချည်းပဲ ဖြစ်နေတယ် အခု အသင်းတွေ အများကြီးက




ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပြိုင် ဖြစ်နေကြပြီး မန်ချက်စတာ စီးတီး နဲ့ အာဆင်နယ် နှစ်သင်း အနေနဲ့က အမှတ်ပေး ချန်ပီယံဆုကို ယှဉ်လုနေတဲ့ အဆင့်ကိုတောင် ရောက်နေပါတယ်၊မန်ချက်စတာ ယူနိုက်တက် ကလည်း ရလဒ်ကောင်းတွေ




တောက်လျှောက် ရနေတာကြောင့် သူတို့ နှစ်သင်းရဲ့ အနောက်ကို ရောက်လိမ့်မယ်လို့ ထင်မိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် တနေရာစာပဲ ကျန်ပါတော့တယ်၊ အဲဒီနေရာ အတွက် ကျွန်တော်တို့က အသင်းတွေ အများကြီးနဲ့ ယှဉ်ပြိုင်ရပါမယ်။ လို့ ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit