ထူးဆန်းတဲ့ လေ့ကျင့်ရေး နည်းစနစ်ကြောင့် အဲရစ် တန်ဟက်ဂ် ရူးနေသည်ဟု ထင်မိခဲ့ကြောင်း ဖွင့်ဟလာတဲ့ ကြယ်တစ်ပွင့်

Erik Ten Hag လက်အောက်မှာ အလုပ် လုပ်ကိုင်ခဲ့ဖူးတဲ့ ကစားသမားက ၎င်းရဲ့ အသင်း​ဖော်တွေက လေ့ကျင့်ရေးမှာ 11 ယောက်နဲ့ တယောက်မှ မပါတဲ့ လေ့ကျင့်ရေးကို မိတ်ဆက် ပေးခဲ့တဲ့ Erik Ten Hag ကို ရူးသွားပြီလို့ ထင်ခဲ့ကြတယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။




ဒတ်ချ် ကလပ် ဂိုး အီးဂဲလ်စ် အသင်းမှာ ကစားခဲ့တဲ့ ကာလ အတွင်း Erik Ten Hag လက်အောက်မှာ အလုပ် လုပ်ကိုင်ခဲ့တဲ့ ရှိုးရက် အိုးဗာဟော် က- လက်ရှိ မန်ချက်စတာ ယူနိုက်တက် နည်းပြ အကြောင်းနဲ့ နည်းစနစ်တွေကို အင်တာဗျူး တခုမှာ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ အသက် 34 နှစ်အရွယ် ကွင်းလယ် ခံစစ် ကစားသမားဟာ




နည်းပြ Erik Ten Hag ရဲ့ကွင်းတွင်း ကွင်းပြင် စံ သတ်မှတ်တဲ့ ပုံစံ အကြောင်းကို ပြောဆိုခဲ့ သလို ဒီ အားဒလာရှော့ အသင်းမှာ နည်းပြဘဝ စတင်ချိန် ကတည်းက အလွန်အမင်းလည်း စည်းကမ်း တင်းကြပ်သူ ဖြစ်ခဲ့တဲ့ အကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Erik Ten Hag ရဲ့




ထူးဆန်းတဲ့ လေ့ကျင့်ရေး နည်းစနစ်တွေကို အသေးစိတ် ပြောပြခဲ့ပြီး 11 ယောက်နဲ့ သုည လေ့ကျင့်ရေး အကြောင်းပါ ဖွင်ဟခဲ့တာပါ၊ အိုးဗာဟော် က Erik ရဲ့ လေ့ကျင့်ရေး ရဲ့ လေ့ကျင့်ရေး အစီအစဥ်က ပျင်းရိဖွယ် ကောင်းပေမယ့် အကျိုး သက်ရောက်မှု ရှိခဲ့တယ်လို့




The Sun သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ရာသီကြို ကာလ အဆုံးလောက်မှာ ကျွန်တော်တို့ 11 ယောက်နဲ့ သုည လေ့ကျင့်ရေးကို အများကြီး လုပ်ခဲ့ရတယ်၊ ကစားသမား အများစုက ဒီ နည်းပြတော့ ရူးသွားပြီလို့ တွေးမိခဲ့ကြတယ်၊ သူက ကျွန်တော်တို့ကို ပုံစံတွေနဲ့ ကျွန်တော်တို့ နေရာကို




ဘယ်မှာ ယူရမလဲ ဆိုတာကို ပြသခဲ့တယ်၊ ဂိုးသမားက စ​ပြီး သူက ဘယ် နောက်ခံလူကို ကစားခိုင်းတယ်၊ အဲဒီကနေ တိုက်စစ်ကို စတင်ရတယ်။ အဲဒါက နည်းနည်းတော့ ပျင်းစရာ ကောင်းတယ်၊ ဘာလို့လဲ ဆိုတော့ ခင်ဗျားမှာ ကစားရမယ့် ပြိုင်ဘက် မရှိလို့ပါ၊ ကျွန်တော်တို့ အဲဒီ လေ့ကျင့်ခန်းကို




အများကြီး လုပ်ခဲ့ကြရပြီး အကြိမ်ပေါင်း များစွာ လုပ်ပြီးတဲ့ နောက်မှာ ဒီလို နည်းစနစ်ကို ထပ်မံ လုပ်ရဦးမှာလား။ 11 ယောက်နဲ့ သုည လေ့ကျင့်ခန်းကိုလား ဆို​ပြီး ဖြစ်ခဲ့ကြတယ်၊ ကစားသမားတွေ အနေနဲ့ ဇဝေဇဝါနဲ့ လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် Erik Ten Hag ရဲ့




နည်းစနစ်ဟာ ရာသီကုန်မှာ အစွမ်းပြခဲ့ပြီး ဂိုးအီးဂဲလ်စ် အသင်းဟာ 17 နှစ် အတွင်းမှာ ပထဆုံးအကြိမ် ဒတ်ချ်လိဂ် ပထမတန်းကို ပြန်လည် တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ထပ်မံပြီး ၎င်းက- ကျွန်တော်တို့ ပွဲစဉ်အ တွင်းမှာ 11 ယောက်နဲ့ သုည လေ့ကျင့်ရေး အစီအစဉ်က ပုံစံတွေကို သတိရခဲ့ပြီး




အဲဒါက ကျွန်တော်တို့ကို ယုံကြည်ချက်တွေ များစွာ ပေးခဲ့ပါတယ်၊ ကစားသမား တော်တော်များများက စပြီးတော့ ဒီနည်းပြက တစ်ခုခုတော့ ထူးခြားတယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ လေ့ကျင့်ရေးမှာ မြင်တွေ့ နေရတဲ့ အရာတွေကို ပွဲစဉ် အတွင်းမှာလည်း မြင်တွေ့ ခဲ့ရလို့ပါ။




ကျွန်တော်တို့ စတင် ယုံကြည်လာပြီး သူ ပြောသမျှကို အတိအကျ စပြီး နားထောင် လာကြတယ်။ လို့ ပြောဆိုခဲ့ပါတယ်။ အဲရစ် တန်ဟက်ဂ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ဇွန်လတုန်းက အသင်းသားတွေ ရာသီကြို ခရီးစဉ်က ပြန်မလာခင်







လေ့ကျင့်ရေး ကွင်းက ဝန်ထမ်းတွေကို အလွန်ထူးဆန်းတဲ့ ညွှန်ကြားမှုအချို့ကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ ဘောလုံး ပေးပို့မှု ပုံစံကို ကစားသမားတွေ အရှိန် မြှင့်တင်နိုင်အောင် လေ့ကျင့်ရေး ကွင်းက မြက်ခင်းပြင်ကို ၁၅ မီလီမီတာ အတိအကျ ရိတ်ထားဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ အသက် ၅၂ နှစ်အရွယ် နည်းပြဟာ ကစားသမားတွေရဲ့

ဘက်ပေါင်းစုံ ကြံ့ခိုင်မှုကိုလည်း လေ့ကျင့်ရေး အစ နှစ်ရက် အတွင်းမှာ သုံးသပ် ခဲ့ပေမယ့်လည်း ၎င်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ကြံ့ခိုင်မှုနဲ့ ဘောလုံး ပေးပို့မှု အစီအစဉ် နှစ်ခုလုံး ပါဝင်သလို ကြံ့ခိုင်မှု သပ်သပ် အခြေခံတဲ့ လေ့ကျင့်ခန်း တွေလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

credit