နဗီးလ်နဲ့ ရွိုင်ကင်းကို လှောင်ပြောင်ခဲ့တဲ့ လီဗာပူး ဂန္တဝင် နှစ်ဦးကို စွန့်အဖွယ် ပြောဆိုချက်နဲ့ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူး အသင်းဟာ အဆင့်မရှိကြောင်း ရှင်းပြလိုက်တဲ့ ဖာဒီနန်

Manchester United အသင်းရဲ့ ဂန္တဝင် နောက်ခံ လူဟောင်း ဖြစ်သူ ရီယို ဖာဒီနန် က မန်ချက်စတာ ယူနိုက်တက် အသင်းကို လီဗာပူး အသင်းက ဂိုးပြတ် အနိုင် ရရှိခဲ့ပြီးနောက် LIVERPOOL ဂန္တဝင်တွေ ဖြစ်တဲ့




ဂရေမီဆောင်းနက်စ် နဲ့ ဂျင်မီ ကာရေဂါ တို့က ရွိုင်ကိန်း နဲ့ ဂယ်ရီ နဗီးလ် တို့ကို စော်ကား အောင်ပွဲ ခံခဲ့တယ်လို့ ပြောဆိုလိုက်ပြီး လီဗာပူး တို့ ဘုန်းမောက် အသင်းကို အရေးနိမ့်ခဲ့ တာဟာ အသင်းငယ်လေး စိတ်ဓာတ်ကို




ပြသခဲ့တာပဲလို့ အားပါပါ ပြန်လည် ထိုးနှက် သွားခဲ့ပါတယ်၊ လီဗာပူး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို 7-0 နဲ့ အနိုင် ရရှိခဲ့ပေမယ့် နောက် တစ်ပွဲမှာ ဘုန်းမောက် အသသ်းကို 1-0 ရလဒ် နဲ့




အရေးနိမ့် ခဲ့တာ ဖြစ်ပါတယ်၊ အဲဒီ နောက်မှာတော့ ရီယို ဖာဒီနန် က သူ့ရဲ့ FIVE podcast က တဆင့် ယခုလို ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ ကာရေဂါ တို့ အနေနဲ့လည်း ကိုယ့်ကိုကိုယ် ရှက်သင့်တယ်လို့ ပြောဆိုခဲ့ကြောင်းကို




Daily Mail သတင်းဌာနက ဖော်ပြ သွားခဲ့တာ ဖြစ်ပါတယ်၊ လီဗာပူး အသင်း ဘုန်းမောက် အသင်းကို ရှုံးခဲ့တာက အသင်းငယ်လေးရဲ့ စိတ်ဓာတ်ပိုင်းပဲ သူတို့မှာ ရှိတယ် ဆိုတာကို ပြသ လိုက်တာပဲဗျ၊ အသင်းငယ်လေးရဲ့ အော်သံပေါ့ဗျာ။




ဂျင်မီ ကာရေဂါ နဲ့ ဆောင်းနက်စ် တို့ ဆိုရင် ဂယ်ရီ နဗီးလ် နဲ့ ရွိုင်ကိန်း ကို စော်ကား မော်ကား လုပ်ပြီးတော့ အောင်ပွဲ ခံခဲ့ကြတယ်၊ အဲဒါပြီးတော့ ဘာဖြစ်သွားလဲ၊ ရီရတယ်၊ သူတို့ အသင်းက နောက် တပတ်မှာ




ရှုံးတော့တာပဲလေ၊ သူတို့တွေ ကိုယ့်ကိုကိုယ် ပြန် ရှက်သင့်တယ်ဗျ။ လို့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ လီဗာပူး ကတော့ ဘုန်းမောက် ကို မထင်မှတ်ထားဘဲ




အရေးနိမ့်ခဲ့ တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် စပါး အသင်းကို အမီလိုက်နိုင်မယ့် အခွင့်အရေးပါ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်၊ ၆ မှတ် အထိ ပြန်လည် ကွာဟသွားခဲ့တာပါ၊ သူတို့အသင်းရဲ့ ခြေစွမ်း အပြောင်းအလဲ အင်မတန် မြန်ဆန်မှုကလည်း အံ့အား သင့်စရာ ကောင်းခဲ့ပြီး




မိုဟာမက် ဆာလာ ကလည်း ချေပဂိုး ရရှိနိုင်မယ့် ပင်နယ်တီ ကို တိတိကျကျ လွဲချော်ခဲ့လို့ စိတ်ပျက်စရာ ပိုကောင်းခဲ့ရတာ ဖြစ်ပြီး လီဗာပူး အသင်းဟာ အသင်းလေး တသင်း ဖြစ်တယ် ဆိုတာ အားလုံ သိမြင်ခဲ့ကြရတာ ဖြစ်ပါတယ်။

credit