ဆေးစစ်ပြီးနောက် ဒဏ်ရာ အ ခြေအနေ ဆိုးဝါးတာကြောင့် ကလပ်အသင်း အပြင် နိုင်ငံ ပွဲစဉ်တွေမှာပါ လွဲချော်ရတော့မယ့် ဂါနာချို

မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား ဖြစ်သူ ဂါနာချို ရဲ့ ဒဏ်ရာဟာ မူလက ထင်ထားတာထက် ပိုဆိုးနေတာကြောင့် မတ်လ အတွင်းမှာ ကစားမယ့် အာဂျင်တီးနား အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။




၁၈ နှစ်အရွယ် ကစားသမာလေးဟာ တနင်္ဂနွေနေ့က ဆောက်သမ်တန် အသင်းနဲ့ ပွဲစဥ်မှာ ဒုတိယပိုင်း လူစားဝင် ကစားခဲ့တာ ဖြစ်ပေမယ့် ကိုင်လီဝေါ်ကာ ပီတာ ရဲ့ ဖျက်ထုတ်မှု ကြမ်းတမ်းခြင်းကြောင့် ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။




ဂိုးမရှိ သရေ ကျခဲ့တဲ့ ပွဲစဉ် နှောင်းပိုင်းမှာတော့ ဖရက်ဒ်နဲ့ ပြန်ပြီး လူစားလဲ ခဲ့ရသလို ကွင်းထဲက ထွက်ခွာချိန်မှာလည်း ခြေကာ ဖိနပ်၊ ချိုင်းထောက်နဲ့ ထွက်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲပြီး အင်တာဗျူးမှာတော့ နည်းပြချုပ်




အဲရစ် တန်ဟတ်ဂ် က ဂါနာချိုရဲ့ ဒဏ်ရာက သိပ်မဆိုးလောက်ဘူး ထင်ကြောင်း ပြောခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နိုင်ငံ ပွဲစဉ်တွေ မတိုင်မီ ကြာသပတေး နေ့မှာ ဘက်တစ် နဲ့ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်




ဒုတိယ အကျော့၊ တနင်္ဂနွေနေ့မှာလည်း ဖူလ်ဟမ် နဲ့ အက်ဖ်အေ ဖလား ပွဲစဉ်တွေ ကစားရဖို့ ရှိနေပါတယ်၊ ဂါနာချို ဟာ မတ်လ ၂၃ ရက်နေ့ ၂၈ ရက်နေ့မှာ ပနားမား ကူရာကာအို တို့နဲ့ ကစားရမယ့် အာဂျင်တီးနား စီနီယာ အသင်းရဲ့




လူစာရင်းမှာ ပထမဆုံး အကြိမ် ရွေးချယ်ခြင်း ခံထားရတာပါ၊ ဒါပေမယ့် TYC Sports ရဲ့ ဖော်ပြချက် အရ အင်္ဂါနေ့က ဆေးစစ်ခဲ့ရာ ဒဏ်ရာက မူလ ထင်ထားတာထက် ပိုမို ဆိုးဝါးနေတာကြောင့် လူငယ် ကြယ်ပွင့်လေး ဟာ




အဆိုပါ ပွဲစဉ်တွေကို လွဲချော်တော့မှာပါ၊ ဂါနာချိုရဲ့ အကို ရော်ဘတ်တို ကလည်း သူ့ရဲ့ ဆိုရှယ် မီဒီယာမှာ ညီ ဖြစ်သူရဲ့ ဒဏ်ရာ အခြေအနေကို ရည်ရွယ်ပြီး-ညီလေး မင်းက ပိုကောင်းတဲ့ ကစားသမား တစ်ယောက် အနေနဲ့ ပြန်လာနိုင်မှာပါလို့




ရေးသားခဲ့ပါတယ်၊ အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့်ဟောင်းဟာ အောက်တိုဘာလမှာ ပထမအသင်း လူစာရင်းထဲ ဝင်ရောက် လာခဲ့ပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် အထိ ပြုလုပ်ထားပြီ ဖြစ်ပါတယ်၊ ဆောက်သမ်တန် နဲ့ ပွဲမှာ




ဂါနာချို အပြင် အဓိက မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကတ်စ်မဲရိုး ကလည်း ဒိုင်ရဲ့ တိုက်ရိုက် အနီကတ် ပြသ ခံခဲ့ရတာကြောင့် ၄ အထိ ပွဲပယ် ပြစ်ဒဏ် ကျခံရဖို့ ရှိနေတာ ဖြစ်ပါတယ်။

credit