မန်ချက်စတာ ယူနိုက်တက် အဓိက ပစ်မှတ်ကို နွေရာသီမှာ ဘယ်လို ဆုံးဖြတ်သွားမလဲ ဆိုတာ အသိပေးလိုက်တဲ့ စပါး အသင်း
|မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ နွေရာသီ ဦးစားပေးဟာ အပြောင်းအရွှေ့မှာ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူဖို့ရန် ဖြစ်ပြီး ဟယ်ရီကိန်း က အသင်းရဲ့ ပစ်မှတ်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။
သတင်းတွေ အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဟယ်ရီကိန်း ကို ခေါ်ယူဖို့ အတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ ကြေးပေးပြီး ခေါ်ယူဖို့ ရှိနေတယ်လို့ သိရှိရပါတယ်၊ သို့ပေမယ့်
စပါး အသင်း ဟယ်ရီကိန်း ကို ရောင်းချလိုခြင်း မရှိဘဲ ကစားသမားရဲ့ စာချုပ် သက်တမ်းကို တိုးမြှင့်သွားဖို့ ရှိတယ်လို့ The Athletic က အတည်ပြု ဖော်ပြပါတယ်၊ သတင်းတွေ အရ ဟယ်ရီကိန်း နဲ့
ကနဦး ဆွေးနွေးမှုများ ပြုလုပ်ထားပြီးပြီ ဖြစ်ပြီး စပါးက စာချုပ် သက်တမ်းရဲ့ နောက်ဆုံးနှစ်ထဲ ရောက်လာတဲ့ အင်္ဂလန် အသင်းခေါင်းဆောင်းကို သက်တမ်းတိုးဖို့ ဆွေးနွေးလို နေပါတယ်၊ စနေနေ့က
နော်တင်ဟမ် ဖောရက်စ် ကို 3-1 နဲ့ အနိုင် ရရှိခဲ့ပြီးတဲ့နောက် စပါးဟာ လက်ရှိ ရာသီကို ထိပ်ဆုံး လေးသင်း အတွင်း ဝင်ရောက်ကာ ရာသီ ပိတ်သိမ်းဖို့ အခြေအနေ ကောင်းသွားပြီ ဖြစ်ပါတယ်၊ သို့သော်လည်း
ယခုလမှာ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား တို့မှ ထွက်ခွာ ခဲ့ရတာတာကြောင့် ဆုဖလား လက်မဲ့နဲ့သာ ရာသီကို အဆုံးသတ်ရမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ကလပ်က ဘယ်နေရာမှာ ရှိနေတာလဲ
ကျွန်တော်တို့ ဆုဖလားတွေ ရရှိ သင့်ပါတယ်၊ ထိပ်ဆုံး လေးသင်း အတွင်း ဝင်ရောက်ဖို့ အသင်းရဲ့ပစ်မှတ် ဖြစ်ပါတယ်၊ သေချာတာ က ဒါဟာ အသင်း အတွက် လုံလောက်မှု မရှိပါဘူး။
ပရိသတ်တွေ အနေနဲ့ စိတ်ပျက်နေမှာ ကျွန်တော် သိပါတယ်၊ ကလပ် အတွက် ထိပ်ဆုံး လေးသင်း ဆိုတာက လုံလောက်မှု မရှိပါဘူး၊ အထူးသဖြင့် ပရိသတ်တွေ အတွက်ပါ၊ သူတို့တွေရဲ့ အမြင်ကို
ပြောဆိုခွင့် ရှိပါတယ်၊ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်တွေမှာ အသင်းအနေနဲ့ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ပါဘူး၊ ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲ မတိုင်ခင်မှာ လက်ရှိ ရာသီ တစ်ခုလုံးက လုံးဝကို ခြားနားနေတာပါ။
အဲ့ဒီ အရှိန်အဟုန်တွေက လိဂ်ပွဲစဉ်နဲ့ အေစီမီလန် နဲ့ ပွဲစဥ် အထိ ရောက်လာတာပါ၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရှုံးပွဲတွေက တကယ့်ကို ကြေကွဲရပါတယ်၊ အဲ့ဒီ ကနေ ပြန်မလာနိုင်သေးဘူး ဆိုတာကို အားလုံးလည်း တွေ့မြင်ရမှာပါ။ လို့ ဟယ်ရီကိန်း က ပြောဆိုပါတယ်။
credit