ကတ်စမဲရိုးကို အနီကတ် ပြခဲ့တာ မှန်ကန်ကြောင်း အန်တိုနီ တေလာ ဘက်က ထောက်ခံသွားတဲ့ အာဆင်နယ် နောက်ခံလူဟောင်း

အာဆင်နယ် အသင်းရဲ့ ဂန္ထဝင် နောက်ခံလူဟောင်း တဦး ဖြစ်တဲ့ မာတင်ကီအွန် က မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုး ရဲ့ ဆောက်သမ်တန် နဲ့ ပွဲက အနီကတ် ပြစ်ဒဏ်က ထိုက်တန်တယ်လို့




ပြောဆို လိုက်ပါတယ်၊ ဒါဟာ ကက်စ်မဲရိုး ရဲ့ အနီကတ်က မျှတမှု မရှိဘူးလို့ ယူဆထားတဲ့ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ဒေါသ ထွက်စရာ ပြောဆိုမှုမျိုး ဖြစ်လာ ခဲ့ပါတယ်၊ ကက်စ်မဲရိုး ဟာ




အဆိုပါ ပွဲမှာ ဘောလုံးကို အရင် ထိခဲ့ပြီးမှ ပြိုင်ဘက် ခြေထောက်ကို ထိခဲ့တာ ဖြစ်တယ်လို့ ယူနိုက်တက် ပရိသတ်တွေက ထောက်ပြခဲ့ပြီး အနီကတ် ပြသစရာ အကြောင်း မရှိဘူးလို့ ဆိုခဲ့ပါတယ်။




ကွင်းလယ်ဒိုင် အန်တိုနီ တေလာ ကတော့ VAR ပြန်လည် ကြည့်ရှုပြီးနောက် ကနဦးမှာ အဝါကတ် ပြသ ထားတာကို ပယ်ဖျက်ပြီး တိုက်ရိုက် အနီကတ် ပြသခဲ့ကာ ကက်စ်မဲရိုး တယောက် ၄ ပွဲပယ် ပြစ်ဒဏ်ကို




ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်၊ မာတင်ကီအွန် က- အတိုင်းအတာ တခု အထိတော့ ရှိပါတယ်၊ ဒီရာသီ ပရီးမီးယားလိဂ်ကို ကြည့်မယ် ဆိုရင် စုစုပေါင်း ၂၃ ​ကြိမ် အနီကတ် ပြထားပြီး စပိန် လာလီဂါမှာ




၁၀၁ ကြိမ် အထိ ရှိပါတယ်၊ ကက်စ်မဲရိုး ရဲ့ ဖျက်ထုတ်မှုကို ကြည့်မယ် ဆိုရင် သူ့ခြေထောက်က ဘောလုံးကို အရင်ထိသွားတယ် ဆိုတာ ထားပါတော့၊ ဒါပေမယ့် သူ့ရဲ့ ဘားတွေက ဘောလုံး အထက်ကို ရောက်နေတာကို ပြနေတယ်။




ပြီးတော့ ပြိုင်ဘက်ကို သွားထိခဲ့တာပါ၊ ဒီတော့ ကွင်းလယ်ဒိုင်က သူ့ကို ထုတ်ပယ်ခဲ့တာ မှန်ကန်လားလို့ မေးမယ် ဆိုရင်တော့ ကျနော် ကတော့ ရာနှုန်းပြည့်ကို သူတို့ မှန်ကန်တယ်လို့ပဲ ပြောချင်ပါတယ်လို့ talkSPORT က တဆင့် ပြောဆိုခဲ့ပါတယ်။




လက်ရှိမှာတော့ ယူနိုက်တက် ဟာ ကက်စ်မဲရိုး ရဲ့ အနီကတ် ပြစ်ဒဏ် အတွက် အယူခံဝင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်၊ ဒါကြောင့် ဘရာဇီးလ် ကွင်းလယ်လူဟာ ၄ ပွဲပယ် ပြစ်ဒဏ် ကျခံရတော့မှာ ဖြစ်ပြီး အက်ဖ်အေ ဖလားပွဲ တပွဲနဲ့ ပရီးမီးယားလိဂ်ပွဲ ၃ ပွဲထိကို လွဲချော်တော့မှာဖြစ်ပါတယ်။

credit