ပရီးမီးယားလိဂ် ရောက်မှ တိုက်ရိုက် အနီ နှစ်ကြိမ် အပြခံခဲ့ရပြီး ဒီအတွက် ရှင်းလင်း ပြောဆိုလိုက်တဲ့ ကတ်စမဲရိုး
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ကက်စီမဲရိုး က သူ့ အနေနဲ့ ပြိုင်ဘက် ကစားသမားတွေ အပေါ် ဒဏ်ရာ အနာတရ ရရှိစေလိုတဲ့ ရည်ရွယ်ချက် မျိုးနဲ့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးဘူးလို့
ရှင်းလင်း ပြောဆိုလိုက်ပါတယ်၊ ဘရာဇီးလ်သား ဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် နဲ့ ဘောလုံးရာသီ ၉ ရာသီ အထိ ဖြတ်သန်းခဲ့ဖူးရာ straight red card တိုက်ရိုက် အနီကတ် တစ်ကြိမ်မှ ပြသခံရခြင်း
မရှိခဲ့ပါဘူး။ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာချိန်မှာတော့ ပရီးမီးယားလိဂ် ဒိုင်တွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံနေရပြီး ယခုအခါ ကက်စီမဲရိုး တစ်ယောက် တိုက်ရိုက် အနီကတ် နှစ်ကြိမ်ထိကို
ပြသ ခံထားရတာပါ။ ဒီလို အနီကတ် ပြစ်ဒဏ်တွေနဲ့ ပတ်သတ်ပြီး ကက်စီမဲရိုး က-
ကျွန်တော့် ဆီမှာ အဲဒီလို ဆိုးယုတ်တဲ့ စိတ်ထားတွေ မရှိတာကို ဒိုင်လူကြီးတွေ သတိထားမိမယ် ထင်ပါတယ်၊ ကျွန်တော်က ဘောလုံး ရယူဖို့ပဲ အမြဲ ကြိုးစားနေတာပါ၊ ကစားတဲ့ အခါမှာလည်း ပြင်းပြင်း ထန်ထန်
ကစားရတာကို သဘောကျ တတ်တာမို့ ကျွန်တော် ကစားတိုင်းမှာ မာကျော နိုင်ပေမယ့် မကောင်းတဲ့ စိတ်ထားတော့ ရှိမနေပါဘူး၊ ကျွန်တော်ရဲ့ ကစားဟန် ကနေ ကစားသမား တစ်ဦးကို ဒဏ်ရာ ရသွားအောင်
ဘယ်တော့မှ မလုပ်ဆောင်ခဲ့ဘူး၊ ကျွန်တော် အမှားအယွင်း လုပ်မိခဲ့ရင် အဲ့ဒီ အတွက် ကျွန်တော်ကိုယ် ကျွန်တော် ဒေါသထွက်ရတယ်၊ ဘာလို့ဆိုတော့ ဒါတွေက ဘောလုံးမှာ မရှိရပါဘူး၊ ဘောလုံးမှာ ပြစ်ဒက် ကျုးလွန် တာတွေ လုပ်မိကောင်း လုပ်မိလိမ့်မယ်။
ဒါပေမယ့် ဆိုးယုတ်တဲ့ ပုံစံမျိုးနဲ့ ကစားလို့တော့ မရပါဘူး။ လို့ ပြောဆို သွားခဲ့ပါတယ်၊ ကက်စီမဲရိုး ဟာ အိုးလ်ထရက်ဖို့ဒ် မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေ အတွင်းမှာပဲ အနီကတ် နှစ်ကြိမ် အထိ
ပြသခံခဲ့ရပြီး ပဲလေ့စ် နဲ့ ပွဲစဥ်မှာ ပထမဆုံး အနီကတ် ပြသ ခံခဲ့ရသလို ပြီးခဲ့တဲ့ sunday က ဆောက်သမ်တန် နဲ့ ပွဲစဥ် မှာလည်း အနီကတ် ပြခံခဲ့ရပါတယ်၊ အခုဆို ၄ ပွဲ အထိ ပွဲပယ်ခံရတော့မှာပဲ ဖြစ်ပါတယ်။
credit