ကြယ်ပွင့် ကစားသမား နှစ်ဦးကို ယခု နွေရာသီ အပြောင်းအရွှေ့မှာ အငှားချသွားမယ် တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ရာသီမှာ တောင်ပံ ကစားသမား အန်တိုနီ အီလန်ဂါ ကို အငှား ချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်၊ အသက် ၂၀ အရွယ် ကစားသမားဟာ
မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီကို အသက် ၁၂ နှစ် အရွယ် ၂၀၁၄ ခုနီစ်တုန်းက ရောက်ရှိလာတာ ဖြစ်ပြီး သက်တမ်း အလိုက် အသင်းတွေ မှာလည်း ခြေစွမ်း ပြသ နိုင်ခဲ့တာကြောင့် နည်းပြ
ဆိုးလ်ရှား လက်ထက် ၂၀၂၁ ခုနှစ် မေလမှာ စီနီယာ အသင်းမှာ ပွဲဦးထွက်ခွင့် ရရှိခဲ့ပါတယ်၊ အီလန်ဂါ ဟာ မန်ခိက်စတာ ယူနိုက်တက် ပထမ အသင်းမှာ ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားခွင့် ရရှိထားပြီး
သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ခဲ့ပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ပုံမှန်နေရာ ရဖို့ ရုန်းကန် နေရပါတယ်၊ ဆွီဒင် လက်ရွေးစင်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားထားပေမယ့်
ပွဲထွက် ကစားသမား အနေနဲ့ ၇ ပွဲသာ ကစားထားရတာ ဖြစ်ပါတယ်၊ ပရီးမီးယားလိဂ် မှာလည်း ၁၆ ပွဲ ကစားခွင့် ရရှိခဲ့ရာမှာ ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဂါနာချို တို့ရဲ့နောက် ပွဲထွက် ကစားသမား အဖြစ်
၅ ပွဲသာ ကစားထား ရပါတယ်၊ ဇန်နဝါရီ တုန်းကလည်း အဲဗာတန်၊ ဒေါ့မွန် နဲ့ ပီအက်စ်ဗွီ အပါအဝင် အီလန်ဂါ ကို အငှားနဲ့ ကမ်းလှမ်းတဲ့ ကမ်းလှမ်းမှု ၁၀ ခုလောက် အထိ ရရှိခဲ့ပါတယ်၊ လက်ရှိ လာလီဂါ
အဆင့်တစ် ဘာစီလိုနာ ကလည်း အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အီလန်ဂါ ကို ကမ်းလှမ်းခဲ့ရာ ပြိုင်ပွဲ ၄ ခု ကစားနေရတဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားသမား လိုအပ်ချက် မြင့်မားနေတာရယ် ကာလတို စာချုပ် ဖြစ်တာရယ်ကြောင့် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က
အီလန်ဂါ ကို အငှားမချဖို့ ဆုံးဖြတ် ခဲ့ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ညနေခင်း သတင်းရဲ့ အဆိုအရ ဒီနွေရာသီမှာတော့ အီလန်ဂါ ကို ဖာကွန်ဒို ပယ်လီစထရီ နဲ့ အတူ အငှားချဖို့ မန်ချက်စတာ ယူနိုက်တက် က ပြင်ဆင်နေတယ်လို့ သိရပါတယ်။
credit