ကတ်စမဲရိုး ရဲ့ အနီကဒ်နဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုလာတဲ့ ဗာရန်း

မန်ချက်စဝာာ ယူနိုက်တက် နောက်ခံလူ ရာဖေးလ် ဗာရန်း က အသင်းဖော် ကက်စ်မဲရိုး တစ်ယောက် ပွဲပယ်ခံ ရမှုက မန်ချက်စတာ ယူနိုက်တက် လူစာရင်းကို ဒုက္ခ ဖြစ်စေတယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရာဇီးသားရဲ့ စွမ်းဆောင်ရည်ကြောင့် ရလဒ်ပိုင်းတွေ တိုးတက် လာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ရမှတ်တွေလည်း တိုးလာခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ကက်စ်မဲရိုး ဟာ




နှစ်ပွဲဆက် အနီကတ် ထိခဲ့ပြီးနောက် ပြည်တွင်း ပွဲစဉ်တွေကို အပယ်ခံရတော့မှာ ဖြစ်ကာ ဗာရန်း က အသင်း အတွက် ခက်ခဲလာနိုင်တယ်လို့ ဝန်ခံ ပြောကြားခဲ့တာပါ၊ ကက်စ်မဲရိုး မပါဝင်နိုင်တာနဲ့ ပတ်သက်ပြီး




ဗာရန်း က- သူက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား တဦးပါ၊ သူက အသင်းရဲ့လူစာရင်းကို မျှခြေ ဖြစ်အောင် လုပ်ဆောင် ပေးပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ တောင့်တင်းတဲ့




လူအင်အား ရှိပြီး သူမပါနိုင်လည်း အခြားမျှခြေ တစ်ခု ရှာနိုင်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ကွင်းထဲက နေရာတိုင်းမှာ ကစားသမား ကောင်းတွေ ရှိပါတယ် ပြီးတော့ လာမယ့် ပွဲစဥ်တွေ အတွက် အဆင်သင့် ဖြစ်နေ လောက်မှာပါ၊ သူကိုယ်တိုင်လည်း




စိတ်ပျက် နေမယ်လို့ ထင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ ဘယ်သူမှ ကွင်းထဲကနေ မထွက်ခွာချင်ပါဘူး၊ ဒါပေမယ့် ကျွန်တော် ပြောသလို အဲ့တာကလည်း ဘောလုံးရဲ့အစိတ်အပိုင်း တစ်ခုပါ၊ စိတ်ပျက်စရာ ဖြစ်ပေမယ့်




လာမယ့် ပွဲစဥ်တွေ အတွက် အာရုံ သေချာစိုက်သွား ရပါမယ်။ လို့ ဗာရန်း က ပြောကြာခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်ဖ်အေဖလား ကွာတား ဖိုင်နယ် ပွဲစဉ် ဖြစ်တဲ့ ဖူလ်ဟမ်နဲ့ ပွဲစဥ်ကို




ကက်စ်မဲရိုး မပါပဲ ရင်ဆိုင်ရဖွယ် ရှိနေသလို နယူးကာဆယ် နဲ့ ပွဲကိုလည်း ဆက်ကစားရမှာ ဖြစ်ပါတယ်၊ ကက်စ်မဲရိုး ဟာ အဆိုပါ နှစ်ပွဲ အပြင် လာမယ့် ဘရန့်ဖို့ဒ်၊ အဲဗာတန် နဲ့ ပွဲတွေကိုလည်း ဆက်လက် လွဲချော်မှာ ဖြစ်ပါတယ်၊ ဘရာဇီးသားဟာ




လာမယ့် ဧပြီ လလယ်မှာ ကစားမယ့် နော်တင်ဟမ် ဖောရက်စ် နဲ့ ပွဲစဥ်မှာမှ ပြန်လည် ပါဝင်လာဖွယ် ရှိနေ သလို ကြာသပတေး နေ့မှာ ကစားမယ့် ဘက်တစ် နဲ့ ပွဲစဥ်ကိုတော့ ပါဝင် ကစားပေးနိုင်မှာ ဖြစ်ပါတယ်။

credit