ဦးစားပေး ထိပ်တန်း ပစ်မှတ် နှစ်ဦးကို ခေါ်ယူရေး ကြိုးစားသွားမှာ ဖြစ်ပေမယ့် အပြောင်းအရွှေ့ မရေရာတာကြောင့် ပြစ်သစ် တိုက်စစ်မှူးကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူရန် အဲရစ် တန်ဟက်ဂ် ကြိုးစားနေ
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဖရန့်ဖွတ် ကြယ်ပွင့် ကစားသမား မူအာနီ ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်း အထိ ပေးဆောင်ပြီး နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ခေါ်ယူဖို့ ရှိကြောင်း
အင်္ဂလန် အခြေစိုက် နာမည်ကြီး မီဒီယာ အသည်းသည်းက ဖော်ပြ သွားကြပါတယ်၊ ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြ ပြီးနောက် မူအာနီ ဟာ ဥရောပမှာ အလားအလာ အကောင်းဆုံး
တိုက်စစ်မှူးများထဲမှ တစ်ဦး အဖြစ် ထင်ရှားလာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ပြင်သစ် ကလပ် ပီအက်စ်ဂျီ နဲ့ အပြိုင် မူအာနီ ကို ခေါ်ယူရေး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
ပြင်သစ် လက်ရွေးစင် အသင်း အတွက် ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ မူအာနီ ကို ပဲရစ် အခြေစိုက် ကလပ် အသင်းကြီး ကလည်း လိုချင်နေပြီး ပြင်သစ် တိုက်စစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့
တိုက်စစ် မြှားဦး နေရာမှာ ကောင်းစွာ အံဝင်မည့်သူလို့ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ယူဆနေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မူအာနီ အတွက် ပြောင်းရွှေ့ကြေ
း
ပေါင် ၁၀၅ သန်း အထိ အသုံးပြုသွားဖို့ရည်မှန်းထားကြောင်း ဂျာမန် မီဒီယာ ဘိုင်းလ် ကလည်း ဖော်ပြသွားပါတယ်၊ အဲရစ် တန်ဟက်ဟာ လာမယ့် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပိုလျှံနေတဲ့
ကစားသမား အချို့ကို ရောင်းထုတ် သွားမှာ ဖြစ်ပြီး တိုက်စစ် မြှားဦး နေရာမှာ မူအာနီ ကို အားဖြည့်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အမှန်တကယ် စိန်ခေါ်နိုင်တဲ့ အသင်း တစ်သင်းကို တည်ဆောက်နိုင်ရန်
ကြိုးစားနေပြီး ပထမ တစ်ကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် သန်း ၉၀ နဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း ဒီပမာဏ အနေနဲ့တင် ဖရန့်ဖွတ် အသင်း အတွက် စိတ်ဝင်စားစရာ ဖြစ်လာနိုင်ကြောင်း
သတင်းများက သုံးသပ် ဖော်ပြကြပါတယ်၊ ဖရန့်ဖွတ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပြင်သစ် ကလပ် နန့်စ်မှ အလွတ် ပြောင်းရွှေ့ကြေးနဲ့ မူအာနီ ကို ခေါ်ယူခဲ့ ခြင်းဖြစ်ပြီး မူအာနီ ဟာ ဘွန်ဒက်စ်လီဂါမှာ ၁၁ ဂိုးသွင်းပြီး ၁၂ ဂိုး ဖန်တီးပေး ထားနိုင်ပါတယ်။
credit