ပွဲပယ်ခံရဖို့ နီးစပ်နေပေမယ့် ကြယ်ပွင့် ကစားသမား နှစ်ဦးကို ဒီကနေ့ည ပွဲမှာ အသုံးပြုမည်ဟု အဲရစ် တန်ဟက်ဂ် ပြောဆို
|ဒီကနေ့ ညမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရီးရဲလ် ဘက်တစ် အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ် ဒုတိယ အကျော့ အဖြစ် အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
ပထမ အကျော့တုန်းက အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် တို့ 4-1 နဲ့ ဂိုးပြတ် ခြေပြတ် အနိုင် ရယူ ထားနိုင်ခဲ့တာ ဖြစ်ပြီး နောက်ထပ် တစ်ဆင့် တက်ဖို့လည်း အခြေအနေ ကောင်းတွေ ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နောက်ထပ် အဝါကတ် တစ်ကဒ် ထိတာနဲ့ ပွဲပယ် ပြစ်ဒဏ် ခံရတော့မယ့် ကစားသမား နှစ်ဦး အထိ ရှိနေပြီး အားထားရတဲ့ အသင်းသားတွေလည်း ဖြစ်နေပါတယ်။
သူတို့ကတော့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် နဲ့ ကတ်စမဲရိုး တို့ဖြစ်ပါတယ်၊ တကယ်လို့ ဒီကနေ့ ည ရီးရဲလ် ဘက်တစ် နဲ့ ပွဲစဥ်မှာ ဝင် ကစားပြီး သူတို့ အဝါကတ် တစ်ကဒ် ထိရင်
ယူရိုပါလိဂ် ကွာတား ဖိုင်နယ် အဆင့် ပထမ အကျော့ ပွဲစဉ်ကို လွဲချော်မှာပါ၊ ဘရာဇီးသား ကွင်းလယ် ကစားသမားဟာ ဇန်နဝါရီလထဲ အာဆင်နယ် အသင်းနဲ့ ပွဲစဥ်တုန်း ကလည်း ပွဲပယ်ကြောင့် လွဲချော်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ကတော့ အဝါကဒ် ကို ရှောင်မနေဘဲ ဘရူနို ဖာနန်ဒက်စ် နဲ့ ကတ်စမဲရိုး တို့ကို ဒီည ပွဲထွက် လူစာရင်းမှာ ပါဝင်လာမယ်လို့ အခိုင်အမာ ပြောဆို လိုက်ပါတယ်။
အဲရစ် တန်ဟက်ဂ် က- သူတို့ ဒီကနေ့ ည ပွဲမှာ ကစားသွားမှာပါ၊ တွေ့ရမှာလည်း တကယ့် ပြိုင်ဘက်ကောင်း ဖြစ်တယ်၊ ပြီးခဲ့တဲ့ အပါတ်က ရလဒ်ကောင်း ရခဲ့တယ် ဆိုပေမယ့် ဒီပွဲမှာလည်း ထပ်ပြီး အားထုတ်ရဦးမှာပါ။
ကိုယ့်အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ဒီလို ပွဲစဥ်မှာ ပါဝင်ဖို့ လိုအပ်ပါတယ်၊ ကျနော်တို့ နိုင်ပွဲ ရဖို့ လိုအပ်သလို အကောင်းဆုံး အသင်းနဲ့ ထွက်လာဖို့ကလည်း အင်မတန် လိုအပ်ပါတယ်။ လို့ Erik Ten Hag က
ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်၊ ဒီကနေ့ ည ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က တောင်ပံ တိုက်စစ်သမားလေး ဂါနာချို မပါဝင် နိုင်သလို ဖျားနေတဲ့ အန်တိုနီ ကလည်း စပိန်ကို လိုက်ပါလာခြင်း မရှိခဲ့ပါဘူး။
credit