အေဂျက်စ် စတားကို အလွတ်နဲ့ ခေါ်ယူသွားမယ့် အဲရစ် တန်ဟက်ဂ်
|ယခုနှစ် ဘောလုံးရာသီ အစက နယ်သာလန် ထိပ်သီး ကလပ် အေဂျက်စ် အသင်းမှ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့လာတဲ့ အဲရစ် တန်ဟက်ဂ် ဟာ
လာမယ့် နွေဈေးကွက် အတွင်းမှာ အေဂျက်စ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် အေဂျက်စ် လူငယ် ကြယ်ပွင့်လေး ဒွန်ဂျန် ကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ခေါ်ယူဖို့ အတွက်
စိတ်ဝင်စားနေကြောင်း သတင်းထောက် ဖာဘရီဇီယို ရိုမာနို က အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်၊ အသက် ၁၈ နှစ် အရွယ် နယ်သာလန် ယူ-၁၈ လက်ရွေးစင် ဒွန်ဂျန် က အေဂျက်စ် နာမည်ကျော်
လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့် တဦး ဖြစ်ပြီး ဒွန်ဂျန် ဟာ ဘယ်တောင်ပံ နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပါတယ်၊ ညာခြေ အားသန် ကစားသမား တဦး ဖြစ်တဲ့ ဒွန်ဂျန် ဟာ
အလိမ်အခေါက် ကောင်းသလို ဘောလုံးစွမ်းရည် ပြည့်ဝတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံး ရာသီမှာ အေဂျက်စ် ယူ-၂၁ အသင်း အတွက် ၁၂ ပွဲ ပါဝင် ကစားပေးထားရာ
သွင်းဂိုး တစ်ဂိုး သွင်းယူထား နိုင်သလို ဂိုးဖန်တီးမှု အနေနဲ့လည်း နှစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ်၊ ဒွန်ဂျန် က အေဂျက်စ် ယူ-၂၁ အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်တာကြောင့်
အေဂျက်စ် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အပတ်တကုတ် ကြိုးစားနေပေမယ့် စာချုပ်သစ် အတွက် ဒွန်ဂျန် နဲ့ သဘောတူညီမှု မရသေးပဲ ဒွန်ဂျန်နဲ့ အေဂျက်ရဲ့ ကြားမှာ ရှိနေတဲ့
စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်၊ လက်ရှိမှာတော့ ဥရောပရဲ့ နာမည်ကြီး အသင်း အများစုက ဒွန်ဂျန် နဲ့ အေဂျက်စ် အသင်းရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး
အေဂျက်စ် နည်းပြဟောင်း ဖြစ်သူ ဒွန်ဂျန် ရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်ဖူးတဲ့ အဲရစ် တန်ဟက်ဂ် ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ဒွန်ဂျန် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက် အရ အဲရစ် တန်ဟက်ဂ် က ဒွန်ဂျန် ရဲ့ ခြေစွမ်းခြေစနဲ့ ၎င်းရဲ့ အနာဂတ် အလားအလာကို သဘော ကျတာကြောင့် မန်ချက်စတာ ယူနိုက်တက် တာဝန် ရှိသူတွေထံ
ဒွန်ဂျန် ရဲ့ အကြောင်းကို ပြောပြထားပြီး မန်ချက်စတာ ယူနိုက်တက် လူငယ်ကြယ်ပွင့် စုဆောင်းရေးမှာ တာဝန်ယူ ထားတဲ့ ပုဂ္ဂိုလ်တွေ ကလည်း ဒွန်ဂျန် ကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေ ကြကြောင်း သိရပါတယ်။
credit