ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် 110 သန်း သတ်မှတ်ထားတဲ့ ဒေါမွန် ကြယ်ပွင့်ကို ပေါင် 125 သန်းနှင့် ကနဦး ကမ်းလှမ်းလိုက်ပြီ ဖြစ်တဲ့ မန်ယူ

နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ Jude Bellingham ကို ခေါ်ယူရန် အတွက် မန်ချက်စတာ ယူနိုက်တက် လီဗာပူးလ်၊ မန်စီးတီး နဲ့ ရီးရဲလ် မက်ဒရစ် အသင်း တို့က အပြိုင်အဆိုင် ကြိုးစားနေပါတယ်။





ဂျုဒ် ဘယ်လင်ဂန် အတွက် ဒေါ့မွန် အသင်းက အသက် 19 နှစ်အရွယ် စူပါစတားရဲ့ ပြောင်းရွှေ့ကြေးကို စံချိန်တင် စျေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ ၎င်းရဲ အပြောင်းအရွှေ့ ခရီးစဉ် အတွက် မကြာမီမှာပဲ




ဆုံးဖြတ်မည် ဖြစ်‌ကြောင်းသိရပြီး The Telegraph သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခု နွေရာသီ ဈေးကွက် အတွင်း Bellingham ခေါ်ယူရေး အတွက် ကမ်းလှမ်းမှုမှာ




အပြိုင်အဆိုင် ပါဝင်လာတာ ဖြစ်ပါတယ်၊ ဒေါ့မွန် အသင်းဟာ အင်္ဂလန် လက်ရွေးစင် ကစားသမားကို အနည်းဆုံး နောက်ထပ် တစ်ရာသီလောက် ကလပ်မှာ ဆက်ထားချင်ပေမယ့် သူတို့ရဲ့ တောင်းဆိုဈေး ဖြစ်တဲ့




ပေါင် သန်း 110 သတ်မှတ်ထားပြီး အကယ်လို့ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး သို့မဟုတ် မန်စီးတီး တို့က ယခုနှစ် အတွင်း ၎င်းကို ခေါ်ယူလိုပါက ချဲလ်ဆီး အသင်းမှ ကမ်းလှမ်းခဲ့ဖူးသော ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး




ပေါင် 107 သန်းကို ချိုးဖျက်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဟာ Bellingham ကို ခေါ်ယူရေး ယခု‌ နွေဈေးကွက်မှာ ကြိုးစားသွားမှာ မဟုတ်ကြောင်း The Telegraph မှ အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ကိုယ်တိုင် ဘယ်လင်ဂန် ရဲ့ ကစားပုံကို နှစ်သက်နေပြီး အနာဂတ်မှာ Bellingham ဟာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား ဖြစ်လာမယ်လို့ ယုံကြည်နေတာကြောင့် ပထမ ကမ်းလှမ်းမှု အဖြစ် ပေါင် 125 သန်းနဲ့ ကနဦး စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

credit