ဘတ်တစ်က်ို နှစ်ကျော့ပေါင်း 5-1အနိုင်ယူ နောက်တဆင့် တက်ရောက်ပြီးနောက် အသင်းသားတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုလိုက်တဲ့ တန်ဟက်ဂ်
|ရီးရဲလ် ဘက်တစ် အသင်းကို 1-0 နဲ့ အနိုင် ရရှိခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က အသင်းသားများရဲ့ စွမ်းဆောင်ရည် အပေါ် ချီးမွမ်းလိုက်ပြီး ကစားသမား တဦးမှ
အထုတ်ခံရခြင်း မရှိတဲ့ အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။ ပွဲချိန် ၅၆ မိနစ်မှာ ရပ်ရှ်ဖို့ဒ် က မန်ချက်စတာ ယူနိုက်တက် အတွက် အနိုင်ဂိုး သွင်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ နှစ်ကျော့ပေါင်း ရလဒ်
5-1 နဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခြင်း ဖြစ်ပါတယ်၊ ပထမ အကျော့က 4-1 နဲ့ အနိုင် ရရှိထားတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒုတိယ အကျော့မှာ နည်းပြချုပ် Erik Ten Hag က ပယ်လီစထရီ၊ မာလာစီယာ
ဟယ်ရီ မက်ဂွိုင်းယား တို့ကို ပွဲထွက် ကစားစေခဲ့ပြီး ဒုတိယပိုင်းမှ ဆန်ချို၊ အီလန်ဂါ၊ ဆာဘစ်ဇာ၊ ဒါလော့ဖ်၊ လင်ဒီလော့ဖ် တို့ကို ထည့်သွင်း ကစားစေခဲ့တာပါ၊ Erik Ten Hag က-
ကစားသမား အားလုံး ကောင်းတယ်လို့ ဆိုရမှာပါ၊လူစားလဲ ပါဝင် ကစားတဲ့ ကစားသမားတွေလည်း ခြေစွမ်း ကောင်းပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားသမားကောင်း 11 ဦးပဲ ရှိတာ မဟုတ်ပါဘူး။ အားလုံး ခြေစွမ်း ကောင်းတယ်။ လို့
ပြောကြားသွားခဲ့ပါတယ်၊ ဆက်လက်ပြီး Erik Ten Hag က အနီကဒ်နဲ့ ဒဏ်ရာ ပြဿနာကို ဒီကနေ့ပွဲမှာ မကြုံလိုက်ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ
ကစားသမား အင်အား တောင့်တင်း ပေမယ့် ပွဲပယ်နဲ့ ဒဏ်ရာကြောင့် ကစားသမား အင်အား လျော့နည်းရတာ ကိုတော့ လုံးဝကို မဖြစ်စေချင်ပါဘူး။ ပြောကြားသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ
ပြိုင်ပွဲစုံ 32 ပွဲ အနိုင် ရရှိထားပြီး ဥရောပလိဂ် 5 ခုမှာ ပါဝင် ကစားနေတဲ့ အသင်းများအနက် နိုင်ပွဲ အများဆုံး ရရှိထားတဲ့ အသင်းအဖြစ် မှတ်တမ်း ဝင်နေသလို ဂိုးမပေးရတဲ့ ပွဲစဉ် 21 ပွဲ ရှိပြီဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တရ် ဟာ ပထမပိုင်း အတွင်း ဂိုးကန်သွင်းမှု တစ်ကြိမ်မျှ မပြုလုပ်နိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း ရပ်ရှ်ဖို့ဒ် ဂိုးသွင်းနိုင်ခဲ့တာပါ၊ ရပ်ရှ်ဖို့ဒ် ဟာ ဘက်တစ်နဲ့ ဒုတိယ အကျော့မှာ ဂိုးသွင်းပြီးနောက်
ယခုနှစ် ပြိုင်ပွဲစုံ 27 ဂိုး သွင်းယူနိုင်ခြင်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်ကို ကစားရန် ရှိနေပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဥရောပ ပြိုင်ပွဲများမှာ စပိန် ကလပ် အသင်းများနဲ့ နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ် 7 ပွဲမှာ 5 ပွဲ အနိုင် ရရှိခဲ့ပြီး နှစ်ပွဲသာ သရေ ကျထားတာ ဖြစ်ပါတယ်။
credit