ပွဲကြီးပွဲကောင်းပဲ ကြည့်ချင်တယ်၊ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံလိုတဲ့ အသင်းနှစ်သင်းကို ထုတ်ပြောလိုက်တဲ့ ပေါလ်စခိုးလ်

ရီးရဲလ် ဘက်တစ် အသင်းကို အနိုင် ရရှိပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို မန်ချက်စတာ ယူနိုက်တက် အသင်း တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်၊ ပေါလ်စခိုးလ် က အဆိုပါ အဆင့်မှာ သူတွေ့စေချင်တဲ့ အသင်းတွေကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် လူဟောင်းက သူ့အသင်းကို ပွဲကြီးပွဲကောင်း တွေပဲ ကစားစေချင်တယ်လို့ ဖွင့်ဟခဲ့ပြီး အင်အား နည်းတဲ့ အသင်းတွေနဲ့ ရင်မဆိုင် စေချင်ဘူးလို့ ဆိုခဲ့ပါတယ်၊ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ကိုတော့




ယူဗင်တပ်စ်၊ ဆီဗီလာ၊ ဖီယင်နော့ဒ်၊ ရိုးမား၊ စပို့တင်း နဲ့ စိန့်ဂီလွိုက်စ် အသင်းတို့နဲ့ အတူ မန်ချက်စတာ ယူနိုက်တက် အသင်းက တက်ရောက် နိုင်ခဲ့တာပါ၊ လက်ကျန် ၈ သင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက အကောင်းဆုံးလို့ ဆိုရမှာ ဖြစ်ပြီး




လက်ရှိ ကစားနေဟန်နဲ့ ဆိုရင် ဆုဖလားကိုပါ ရယူနိုင်တဲ့ အထိ စွမ်းဆောင်နိုင်မယ့် အနေအထား တရပ်မှာလည်း ရှိနေတာ ဖြစ်ပါတယ်၊ ပေါလ်စခိုးလ် က- ကျနော်က အမြဲတမ်း ပွဲကြီးပွဲကောင်း တွေပဲ ကြည့်ချင်တာ၊ အိုးလ်ထရက်ဖို့ဒ်မှာ




ပွဲကြီးပွဲကောင်းတွေ ကစားရတာကို သဘောကျတယ်၊ ယူရိုပါလိဂ်မှာ ရှိနေတဲ့ အတွက် ချန်ပီယံလိဂ် မဟုတ်ဘူး ဆိုတာ သိပါတယ်၊ ဒါပေမယ့် ယူဗင်တပ်စ် အသင်းရဲ့ သမိုင်းကြောင့် ပွဲဖြစ်လာရင် ဘယ်လောက်တောင် ကောင်းမလဲ။ နှစ်သင်းစလုံးက




အရင် အဆင့်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် သူတို့တွေ ပြန်လာဖို့ လမ်းကြောင်းပေါ်ကို ရောက်နေပုံ ရပါတယ်၊ ဒါကြောင့် ကျွန်တော့် အတွက် ယူဗင်တပ်စ် အသင်းနဲ့ ရိုးမားလည်း ဖြစ်နိုင်တယ်။ လို့ ပေါလ်စခိုးလ် က ပြောဆိုသွားခဲ့ပါတယ်။




ယူရိုပါလိဂ် မှာတော့ အာဆင်နယ် အသင်းက စပို့တင်း ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ကြေကြေကွဲကွဲ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်၊ အင်္ဂလန် ကလပ် အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်း တစ်သင်းတည်းသာ ကျန်ရှိပါ တော့တယ်။




အဲရစ် တန်ဟက်ဂ် ကတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘ၀မှာ ကာရာဘောင် ဖလားကို ဆွတ်ခူးထားပြီး ဖြစ်ပြီး ယခုအခါ မှာတော့ နောက်ထပ် ဆုဖလား ရယူနိုင်ဖို့ အတွက် ယူရိုပါလိဂ်က အခြေအနေ ကောင်းတွေ ပေးနေပြီ ဖြစ်ပါတယ်၊ အခွင့်အရေးကို ဆုပ်ကိုင် နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

credit